ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းမှာဖြစ်ဖြစ် အဆီတွေစုလာရင် လူတွေကစိုးရိမ်တက်ကြပါတယ်။ အထူးသဖြင့် ဝမ်းဗိုက်မှာ အဆီတွေစုလာရင် ပိုပြီးစိုးရိမ်တက်ကြပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ ခါးဆိုဒ်က (၃၅) လက်မဖြစ်ရင်၊ အမျိုးသားတစ်ယောက်ရဲ့ ခါးဆိုဒ်က (၄၀) လက်မရှိနေမယ်ဆိုရင် ဝမ်းဗိုက်မှာ အဆီတွေစုနေပြီဆိုတဲ့ သဘောပါပဲ။ ဆရာဝန်တွေရဲ့ ပြေားကြားချက်အရ ဒီလို ဝမ်းဗိုက်မှာ အဆီပိုတွေရှိနေခြင်းက ကျန်းမာရေးအတွက် မကောင်းပါဘူး။

(၁) ဆီးချိုဖြစ်နိုင်ခြေမြှင့်မားတယ်

Photo : Diabetes WA

အသည်းမှာအဆီတွေဖုံးနေမယ်ဆိုရင် သွေးတွင်းသကြားပါဝင်မှုကို စစ်ထုတ်ပေးဖို့ အနှောက်အယှက်ဖြစ်စေပါတယ်။ ဒါက သွေးတွင်းသကြားပါဝင်မှု နှုန်းမြင့်မားလာစေပြီး ဆီးချိုရောဂါကို ဖြစ်စေပါတယ်။

(၂) ဇီဝကမ္မဖြစ်စဉ်တွေပျက်စီးလာမယ်

Photo : Medical News Today

ခါးမှာအဆီတွေပိုတွေ စုလာခြင်းက ဇီဝကမ္မဖြစ်စဉ်တွေပျက်စီးလာရခြင်းရဲ့ အကြောင်းအရင်းပါပဲ။ ခါးမှာအဆီပိုတွေ စုနေရင် နှလုံးရောဂါ၊ ဆီးချိုရောဂါ နဲ့ လေဖြတ်ခြင်း စတဲ့ရောဂါတွေ ဖြစ်လွယ်ပါတယ်။

(၃) နှလုံးသွေးကြောဆိုင်ရောဂါတွေ ဖြစ်နိုင်ခြေများမယ်

Photo : New York Post

လေ့လာမှုတွေအရ visceral လို့ခေါ်တဲ့ ဝမ်းဗိုက်အဆီ ဆဲလ်တွေက သွေးကြောတွေကိုကျုံ့သွားစေတဲ့ ပရိုတင်းတစ်မျိုး ထုတ်လုပ်ပါတယ်။ ဒါက သွေးတွင်းသကြားပါဝင်မူနှုန်းကို မြှင့်မားစေပါတယ်။ နောက်ဆက်တွဲအနေနဲ့ လေဖြတ်တာနဲ့ နှလုံးရောဂါဖြစ်စေနိုင်ပါတယ်။

(၄) စိတ်ဖောက်ပြန်နိုင်ခြေမြင့်မားတယ်

Photo : Sound Mind Therapy

လေ့လာမှုတွေအရ ဝမ်းဗိုက်မှာအဆီပိုတွေစုနေခြင်းက ပုံမှန်လူထက် စိတ်ဖောက်ပြန်နိူင်ခြေ (၃) ဆပိုမိုများပြားကြောင်း သိရပါတယ်။ ဒီလိုအန္တရာယ်များတဲ့ ဝမ်းဗိုက်အတွင်းအဆီတွေစုပုံလာခြင်း မရှိရလေအောင် လေ့ကျင့်ခန်းလုပ်ခြင်း၊ အစားအသောက်ကို ကျန်းမာရေးနဲ့ ညီညွတ်စွာစားသုံးခြင်းတွေအပြင် အိပ်ရေးဝဝ အိပ်ခြင်းတို့ကို ဂရုစိုက်ပေးသင့်ပါတယ်။