အားလုံးပဲ မင်္ဂလာပါနော်။ ကြယ်ပုံလေးတွေဆိုတာ ဘယ်တော့မှမရိုးသလို တော်တော်များများနဲ့လိုက်တာမို့ အမြင်မရိုင်းတဲ့ တက်တူးအသေးစားလေးတွေ ထိုးချင်တဲ့သူတွေ ရွေးသင့်တဲ့ဒီဇိုင်းလေးဖြစ်ပါတယ်။ ဒါ့အပြင် ကြယ်နဲ့ဆက်စပ်တဲ့ပုံလေးတွေက မှန်ကန်ခြင်း၊ ကာကွယ်ပေးခြင်းနဲ့ လမ်းညွှန်ခြင်းကိုရည်ညွှန်းတာမို့ အဓိပ္ပာယ်ပါတဲ့ တက်တူးလေးတွေ ထိုးချင်သူတို့အတွက်လည်း အံကိုက်ပါပဲ။ ခန္ဓာကိုယ်နေရာမရွေးလည်း ထိုးလို့လှတာမို့ ဒီတစ်ခေါက်မှာ တက်တူးသေးသေးထိုးမယ့်သူတွေ အိုင်ဒီယာယူနိုင်မယ့် ကြယ်တက်တူးလေးတွေကို မျှဝေပေးလိုက်ပါတယ်။ သင်အကြိုက်တွေ့မယ့်ဒီဇိုင်းတွေပါလာမလား စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်-

Accessories သီးသန့်ဝတ်စရာမလိုဘဲ လှနေမယ့်ဒီဇိုင်းလေးပါ။ လက်ခုံနေရာမှာ ထိုးလို့လှသလို မိန်းကလေးတွေနဲ့ဆို အရမ်းလိုက်ပါတယ်။

ကြယ်ကြွေရင် လူတိုင်းဆုတစ်ခုတော့ တောင်းဖူးကြမှာပါ။ ဒီလို စိတ်ကူးယဉ်ဆန်တဲ့ ကြွယ်ကြွေပုံဒီဇိုင်းလေးက သင့်အတွက် လိုချင်တဲ့အရာတွေဆီ ရောက်အောင်သွားနိုင်ဖို့ Motivation တစ်ခုဖြစ်စေပါလိမ့်မယ်။

ကိုယ့်ရဲ့မွေးလရာသီခွင်နဲ့ ဆက်စပ်တဲ့ ကြယ်တာရာစု ဒီဇိုင်းလေးတွေထိုးတာမျိုးလည်း လုပ်လို့ရပါတယ်။ သင့်အတွက် အမှတ်တရဖြစ်စေမှာပါ။

လက်နဲ့ဆွဲထားတဲ့ ကြယ်ပုံ တက်တူးအသေးကလည်း ရှင်းရှင်းလေးနဲ့ လှတာမို့ ကိုယ်ချစ်ရတဲ့သူတွေနဲ့ ဆင်တူထိုးလို့ ကောင်းမယ့်ဒီဇိုင်းလေးပါ။

ဂြိုလ်နဲ့ ကြယ်ပုံစံလေးတွေ စိတ်ဝင်စားရင် ဒီလိုဒီဇိုင်းလေး ထိုးနိုင်ပါတယ်နော်။

ဓူဝံကြယ်လေး တောက်နေသလို ဒီဇိုင်းလေးကလည်း ဘယ်နေရာမှာပဲထိုးထိုး ထင်းပြီးလှပါတယ်။

ကြယ်နဲ့လပေါင်းထားတဲ့ ဒီဇိုင်းကလည်း အရောင်လေးတွေထည့်ပြီးဆိုးရင် လူငယ်ဆန်ပြီး ချစ်စရာလည်းကောင်းမယ့် ပုံစံလေးပါ။

Photo Source: Pinterest, cosmo.ph

By MyStyle Myanmar