မျက်ရစ်မရှိတဲ့ ကောင်မလေးတွေအတွက် နေ့တိုင်းပြင်လို့အဆင်ပြေပြီး ရှင်းရှင်းလေးနဲ့ ချစ်ဖို့လည်းကောင်းတဲ့ korea makeup look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး ထုံးစံအတိုင်း ကိုယ်လိမ်းနေကျ foundation လိမ်းပြီး မျက်ကွင်းညိုတဲ့နေရာ၊ အမဲစက်ရှိတဲ့နေရာကို concealer သုံးပြီးရင်တော့ powder ကို brush နဲ့ယူပြီး လိမ်းလိုက်ရုံပါပဲ။

မျက်ခုံးမွှေးဆွဲပါမယ်။ Korea makeup look လေးတွေက အညိုဘက်သွားတဲ့ အရောင်လေးတွေ အသုံးများတာကြောင့် အညိုပဲသုံးပါမယ်။

အသားရောင် eyeshadow ကို မျက်ခွံမှာစခြယ်ပါမယ်။ မျက်လုံးအောက်နားလေးကို အလယ်ကစပြီး အနောက်ဘက် ထောင့်နားလေးအထိ ခြယ်ပါမယ်။

အညိုရောင် eyeshadow ကို မျက်ခွံမှာ ခြယ်ပါမယ်။ အပေါ်အထိ ခြယ်စရာမလိုပါဘူး။

ရွှေညိုရောင် glitter eyeshadow ကို လက်ညှိုးလေးနဲ့ယူပြီး မျက်ခွံမှာ နည်းနည်းလေးခြယ်ပါမယ်။

မျက်လုံးအောက်နားလေးကိုလည်း နည်းနည်းခြယ်ပါမယ်။

မျက်ရစ်မရှိတဲ့သူတွေက မျက်တောင်လေးတွေ ကော့နေအောင်သာလုပ်ပါ။ အရင်ဆုံး မျက်တောင်ကော့တဲ့ဟာနဲ့ မျက်တောင်လေးတွေကိုညှပ်ပြီး သေချာကော့ပါ။ ပြီးမှ mascara နဲ့ကော့ပါ။

မျက်ခုံးမွှေးဆွဲထားတဲ့ ထိပ်နားကနေပဲ brush နဲ့ နှာတံပေါ်တောင် ဆွဲချပါမယ်။

Eyeliner ကို အညိုပဲသုံးပါမယ်။ မျက်ရစ်မရှိတဲ့အတွက် eyeliner ကို အပြည့်မဆွဲပါဘူး။ အနောက်ကနေပဲ ထောင့်နားလေးကို အချောင်းလေးတစ်ချောင်း ဆွဲပါမယ်။ ပြီးရင် မျက်လုံးထိပ်စွန်းလေးကို ပုံမှာပြထားတဲ့အတိုင်း နည်းနည်းဆွဲပါမယ်။ အလယ်ကို လုံးဝမဆွဲပါဘူးနော်။

အညိုရောင် glitter eyeshadow ကိုယူပြီး eyeliner ဆွဲထားတဲ့အပေါ် နည်းနည်းခြယ်ပေးပါ။ ပြီးရင် မျက်လုံးအောက်နား အနောက်ဘက်လေးကိုပဲ နည်းနည်းခြယ်ပေးပါ။

Highlighter ကို ပါးရိုးနှစ်ဖက်၊ နှာတံနဲ့ မျက်လုံးအရှေ့ ထောင့်စွန်းလေးကို နည်းနည်းခြယ်ပါမယ်။

ပန်းမိတ်ကပ်ရောင်ဘက်သွားတဲ့ ပါးနီအရောင်နုတာလေးကို ခြယ်ပါမယ်။ ပါးပါးလေးပဲ ခြယ်မှာပါ။

နှုတ်ခမ်းနီကို လိမ္မော်ဖောက်တဲ့အရောင်၊ အနီဖောက်တဲ့ အရောင်လေးတွေ ဆိုးပေးပါ။ မျက်နှာလေးပိုလင်းစေပါတယ်။

ဒါဆိုရင်တော့ မျက်ရစ်မရှိတဲ့ ကောင်မလေးတွေအတွက် နေ့တိုင်းပြင်လို့အဆင်ပြေပြီး ချစ်ဖို့လည်းကောင်းတဲ့ korea makeup look ကို ရရှိသွားပါပြီ။