တစ်ခါတစ်လေမှာ ကိုယ်တန်ဖိုးထားတဲ့ အရာတွေက ပိုပြီး ညစ်ပတ်ပေကျံနေတတ်ပါတယ်။ လူတော်တော်များများဟာ ဒီပစ္စည်းတွေကို နေ့စဉ်ဘဝမှာ သုံးဖြစ်ပေမယ့် သူတို့ဘယ်လောက် ညစ်ပတ်တယ်ဆိုတာကို မသိကြပါဘူး။

(၁) စမတ်ဖုန်းတွေမှာ ဘက်တီးရီးယားပေါက်ပွားမှုဟာ အိမ်သာခန်းတွေထက် ၁၀ ဆ ပိုတယ်လို့တောင်ဆိုပါတယ်။ အနုဇီဝတွေ ကပ်တွယ် ပေါက်ပွားနိုင်တာကြောင့် စမတ်ဖုန်းကို အနုဇီဝကာကွယ်တဲ့ ဖုန်းကာဗာတပ်တာတို့တစ်နေ့တစ်ကြိမ် သန့်ရှင်းတာမျိုးတို့လုပ်ဆောင်ပေးသင့်ပါတယ်။

(၂) နားကြပ်တွေ ညစ်ပတ်လာရင် နားရောဂါ ဖြစ်ဖို့များလာပါတယ်။ နားကြပ်ကိုတော့ သွားတိုက်တံဟောင်းသုံးပြီး ဖုန်တွေ သန့်ရှင်းတာ လုပ်သင့်သလို ဆပ်ပြာနဲ့ရေခပ်နွေးနွေး ဆွတ်ထားတဲ့ ရေစိုဝတ်နဲ့သုတ်ပေးတာတို့လုပ်ဆောင်သင့်ပါတယ်။

(၃) နေ့စဉ်သုံး ပစ္စည်းတွေထဲမှာ ကွန်ပျူတာ ကီးဘုတ်နဲ့မောက်စ်တို့ဟာလည်း Toilet ထိုင်ခုံထက် ၅ ဆ တောင်မှပဲ ဘက်တီးရီးယားတွေကို သယ်ဆောင်နိုင်ပါတယ်။ ကီးဘုတ်နဲ့မောက်စ်ကိုတော့ ကြိုးတွေ ဖြုတ်ပြီး Compress Air နဲ့ကီးတွေကြားထဲကို မှုတ်ထုတ်ပါ။ အထဲက ဖယ်ဖို့ခက်တဲ့ ဖုန်တွေကိုတော့ လေစုပ်စက်နဲ့စုပ်ထုတ်နိုင်ပါတယ်။ ပြီးတာနဲ့ဂွမ်းစမှာ အရက်ပြန်တစ်ခုခု ဆွတ်ပြီး ကီးတွေ တစ်ဝိုက် သန့်ရှင်းပေးနိုင်ပါတယ်။

(၄) ယောဂလေ့ကျင့်ရေးခန်းထဲက ဖျာတွေဟာ လူတိုင်း အသုံးပြုတဲ့ ပစ္စည်းတွေ ဖြစ်လို့ချွေးတွေ ၊ ဖုန်တွေ ကပ်ငြိနေတတ်ပါတယ်။ ဒီလို ဖျာပေါ်မှာ ထိုင်ဖို့အတွက် လက်ဖက်ရည်ဆီနှစ်စက် ၊ သဘာဝပိုးသတ်ဆေးကို ရေထဲ ရောစပ်ပြီး စပရေးဖြန်းပြီး သုံးနိုင်ပါတယ်။

(၅) ကားပိုင်ရှင်တော်တော်များများဟာ ကားအပြင်ပန်း သန့်ရှင်းရေးကို ပိုလုပ်ဖြစ်ပြီး အတွင်းခန်းတွေကို သေသေချာချာ သန့်ရှင်းရေ ဝင်တာ နည်းပါတယ်။ ကားစတီယာရင်နဲ့ဂီယာတံတွေဟာ သန့်ရှင်းရေးနဲ့ဝေးတာကြောင့် ပိုပြီး ညစ်ပတ်ပါတယ်။ သူတို့ကိုလည်း ပုံမှန် ရေဆေးဆီလိုက်ဆိုင်မှ သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။

(၆) ရေချိုးခန်းထဲ ပစ်ထားတဲ့ သွားတိုက်တံတစ်ချောင်းဟာ ဘက်တီးရီးယားတွေ အကြိုက်နေအိမ်ဖြစ်ပါတယ်။ တစ်ပတ်ကို တစ်ခါလောက် ရေစင်အောင်ဆေးပြီး ခံတွင်းသန့်စင်ဆေးနဲ့စက္ကန့်၃၀ လောက် ကြာအောင် စိမ်ထားသင့်ပါတယ်။

(၇) Shopping Mall တွေမှာသုံးတဲ့ တစ်ခါသုံး အိတ်တွေကို ထပ်တလဲလဲ သုံးတာ ကျန်းမာရေးအတွက် အန္တရာယ် ရှိပါတယ်။ တကယ်လို့နောက်တစ်ကြိမ် သုံးချင်တယ်ဆိုရင် ဆပ်ပြာနဲ့လျှော် ၊ အခြောက်လှမ်းပြီးမှ သုံးသင့်ပါတယ်။

(၈) ပိုက်ဆံတွေဟာ လူတိုင်းဆီက လာတာဖြစ်ပါတယ်။ ငွေကိုင်တဲ့ လက်တိုင်းက သန့်ရှင်းတာ မဟုတ်တော့ ပိုက်ဆံတွေဟာ ပိုးသယ်ဆောင်တဲ့ ကယ်ရီတွေ ဖြစ်တတ်ပါတယ်။ ပိုက်ဆံကို သန့်ရှင်းဖို့မဖြစ်နိုင်ပေမယ့် ပိုက်ဆံအိတ်ကို သန့်ရှင်းတာ ၊ လက်ကို စင်အောင် ဆေးတာနဲ့ကာကွယ်နိုင်ပါတယ်။