မိန်းကလေးတိုင်းလိုလိုက သူတို့ရဲ့ဆံနွယ်လေးတွေကို တန်ဖိုးထားပြီးမြတ်နိုးတတ်ကြတယ်ဆိုတာ သင်ငြင်းနိုင်မှာ မဟုတ်ပါဘူးနော်။ ဒါပေမယ့် တစ်ခါတစ်လေမှာ မသိလိုက်ပဲနဲ့နေ့စဉ်လုပ်မိနေတတ်တဲ့ အမှားတွေကြောင့်ပဲ ဆံသားတွေကိုထိခိုက်တာမျိုးတွေ ဖြစ်လာစေနိုင်တယ်ဆိုတာကိုလည်း သိထားဖို့ လိုပါမယ်နော်။ ဆံပင်တွေကျွတ်လို့ စိတ်ညစ်နေရတယ်ဆိုရင်လည်း ဒါတွေကိုဆက်ပြီးတော့ မလုပ်မိအောင်ဆင်ခြင်ဖို့လည်း လိုတာကြောင့် ဆက်ပြီးတော့လေ့လာကြည့်ရအောင်နော်။

ဆံပင်ကို မကြာခဏစည်းတဲ့အခါမှာ ဆံပင်တွေနာပြီး ဆံပင်ကျွတ်ဖို့လည်း အခွင့်အရေးပိုများနေတာပေါ့။ ဆံပင်ကိုတစ်ချိန်လုံးစည်းထားတဲ့အခါမှာ ဆံသားတွေကိုကျပ်တည်းပြီး ချိုးထားသလိုဖြစ်နေတာကြောင့် ဆံပင်တွေကျွတ်ပြီး ခဏလေးနဲ့ ဆံပင်ပါးလာစေပါတယ်။

ဆံပင်အတွက် လိုအပ်တာတွေသုံးဖို့ကို မေ့နေတတ်တာမျိုးကလည်း ဆံသားတွေကိုပိုပြီးတော့ ပျက်စီးစေတဲ့အချက်ပါ။ ဆံသားတွေခြောက်သွေ့လာပြီး ပုံမှန်ထက်ဆံပင်တွေကျွတ်နေပြီဆိုတာကို သတိထားမိပြီဆိုရင်တော့ ဆံပင်ထိန်းသိမ်းမှုတွေကို လုပ်သင့်ပါပြီ။ ဆံသားတွေကို မကြာခဏဆံပင်ဆေးဆိုးတာမျိုးတွေက ဆံသားကို မြန်မြန်ပျက်စီးစေမယ့်အချက်တွေပဲပေါ့။

အပူပေးတာတွေအရမ်းသုံးလွန်းတာ။ အခုနောက်ပိုင်းဆိုရင် လ ျှင်မြန်တာကိုမှလူတွေက လိုချင်တဲ့အတွက်ကြောင့် ခေါင်းလျှော်ပြီးရင်တောင် Dryer လေးနဲ့အခြောက်ခံပြီးတော့မှ အလှပြင်ကြတာပေါ့။ တစ်ခါတစ်ရံမှာတော့ အဆင်ပြေပေမယ့် အမြဲတမ်းလိုလိုဆံပင်တွေကို အပူတွေနဲ့ထိတွေ့နေမယ်ဆိုရင် ဆံသားတွေကိုပျက်စီးပြီး ဆံပင်တွေလည်းပါးလာမှာပဲဖြစ်ပါတယ်။

ဗောက်ပျောက်တဲ့ခေါင်းလျှော်ရည်တွေကို သုံးတာများလာတဲ့အခါမှာလည်း ဆံသားပျက်စီးပြီး ဆံပင်တွေကိုကျွတ်လာစေပါတယ်။ ဗောက်ပျောက်ခေါင်းလျှော်ရည်တော်တော်များများက ပူရှိန်းပါဝင်တာကြောင့် ဆံသားတွေကိုအားနည်းစေပြီး ဆံပင်ကျွတ်တာတွေဖြစ်လာစေတာပေါ့။