ရှိရင်းရှိအသက်ထက် ပိုပြီးငယ်ရွယ်နုပျိုမှုကို လူတိုင်းလိုချင်ကြပါတယ်နော်။ သင့်အသားအရေကလည်း နေရောင်ခြည်၊ ဖုန်နဲ့ အညစ်အကြေးတွေ ထိတွေ့မှုကြောင့် ပျက်စီးလာသလို သင်သုံးတဲ့ အလှပြင်ပစ္စည်းတွေကြောင့်လည်း ပိုပြီးအသားအရေ အိုမင်းလာကြပါတယ်။

ဒါ့ကြောင့် အသားအရေနုပျိုစေဖို့ နေ့စဉ်အသားအရေ ထိန်းသိမ်းနည်းတွေကို မျှဝေပေးချင်ပါတယ်။

၁။ အိပ်ယာမဝင်ခင် မိတ်ကပ်ကို သေချာဖျက်ပါ။

၂။ မျက်နှာသစ်ချိန်မှာ မျက်နှာကို အနည်းငယ် နှိပ်နယ်ပေးပါ။ အဲဒီလိုလုပ်ပေးတာဟာ သွေးလည်ပတ်မှုကောင်းမွန်စေပါတယ်။

၃။ ဝက်ခြံတွေကို မညစ်ပါနဲ့။

၄။ သင့်ရဲ့ လက်က ဘက်တီးရီးယားတွေအများကြီးကပ်နေနိုင်တာမို့ မျက်နှာကို ခဏခဏ မထိပါနဲ့။

၅။ အစာအာဟာရ သင့်တင့်မျှတအောင်စားပါ။

၆။ မျက်လုံးနားတဝိုက်မှာလည်း Eyes Cream လိမ်းပေးလိုက်ပါ။

၇။ အုန်းဆီ၊ သံပုရာသီးနဲ့ နံ့သာမှုန့်ကိုရောပြီး တစ်ပတ်ကို ၁ ကြိမ်ခန့် လိမ်းပေးနိုင်ပါတယ်။ ပြီးရင် မျက်နှာသစ်ချလိုက်ပါ။

၈။ ဝက်ခြံထွက်လာတဲ့အခါ အသားအရေကိုပိုပြီးဂရုစိုက်ပါ။

၉။ ရေများများသောက်ပါ။ တစ်နေ့အနည်းဆုံး (၈)ခွက် သောက်ပေးပါ။

၁၀။ အသားအရေကို ချေးချွတ်ပေးပါ။ သကြားနဲ့ပျားရည်ရောပြီး မျက်နှာပေါ်မှာ ပွတ်လိမ်းပေးကာ ချေးချွတ်ပေးလိုက်ပါ။