အသားအရေကကြည်ကြည်လေးဖြစ်နေပြီဆိုရင် အသားဖြူဖြူ၊ ညိုညို ကြည့်ရတာလှပနေစေပါတယ်။ ဒါကြောင့် အသားဖြူဖို့ထက် အသားအရေကြည်လင်ပြီး လှပနေစေဖို့နဲ့ ရေဓာတ်ပြည့်နေဖို့က အဓိကပါပဲ။ ဒါကြောင့် အသားအရေကြည်လင်ပြီး သိသိသာသာပြောင်းလဲလာစေဖို့ နေ့တိုင်းလုပ်ဆောင်ပေးရမယ့်အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

အရေးအကြီးဆုံးဖြစ်တဲ့ ရေ။

အသားအရေကြည်လင်ပြီး လှပနေစေဖို့ အရေးအကြီးဆုံးနဲ့ အလိုအပ်ဆုံးအရာကတော့ ရေပါပဲ။ ရေကို များများသောက်ပေးလေ အသားအရေလှလေပါပဲ။ ဒါကြောင့် ရေကို တစ်နေ့ ၄ လီတာတော့ ပုံမှန်သောက်ပေးရပါမယ်။

Source: www.rd.com

Cleansing လုပ်ဖို့ မမေ့ပါနဲ့။

အသားအရေအတွက် ရေပြီးရင် ဒုတိယအရေးအကြီးဆုံးကတော့ Cleansing ပါပဲ။ မျက်နှာကိုသေချာ Cleansing လုပ်ပေးနိုင်မှ လိမ်းထားတဲ့မိတ်ကပ်တွေနဲ့ မျက်နှာပေါ်ကအညစ်မကြေးတွေ အကုန်သန့်စင်သွားမှာပါ။ ဒါမှလည်း နောက်လိမ်းမယ့် Skincare Step တွေကို သေချာစုပ်ယူနိုင်ပြီး အာနိသင်ရရှိစေမှာပါ။

Source: www.beautyscene.nl

Moisturize ကိုလည်း မမေ့ပါနဲ့။

အသားအရေအတွက် Moisturizing က အရမ်းကို အရေးကြီးပါတယ်။ အသားအရေကြည်လင်နေဖို့ဆိုတာက ရေဓာတ်ပြည့်နေမှ ဖြစ်မှာပါ။ ဒါကြောင့် Skincare တွေကို နေ့တိုင်းလိမ်းပေးရပါတယ်။ ရေဓာတ်ပါတဲ့ Mist လေးတွေကိုလည်း ဆောင်ထားပြီး အမြဲဖြန်းပေးပါ။

Source: www.nchmfnews.com

Sheet Mask ကပ်ပေးဖို့ သတိရပါ။

Sheet Mask ပုံမှန်ကပ်ပေးခြင်းက မျက်နှာအသားအရေကို သိသိသာသာပြောင်းလဲလာစေပါတယ်။ မျက်နှာလေးက ကြည်လင်ပြီး အရေးအကြောင်းတွေသက်သာပြီး အသားအရေတင်းရင်းစေပါတယ်။ တစ်ပတ်ကို တစ်ခါ (သို့) နှစ်ခါတော့ ပုံမှန်ကပ်ပေးဖို့လိုပါတယ်။

Source: www.nypost.com

Sunscreen ကို အမြဲလိမ်းပါ။

အပြင်ထွက်တော့မယ်ဆိုတာနဲ့ နေပူပူ၊ မိုးရွာရွာ Sunscreen ကိုအမြဲလိမ်းပေးပါ။ အပြင်မသွားခင် နာရီဝက်အလိုမှာ လိမ်းပေးရပါမယ်။ Lotion လိမ်းပြီးမှ Sunscreen ကိုလိမ်းပေးရမှာပါ။

Source: www.mskcc.org

အသားအရေလှစေမယ့် အစားအသောက်တွေများများစားပါ။

အသီးအရွက်နဲ့ အသီးအနှံတွေကို နေ့တိုင်းစားပေးပါ။ သစ်သီးတွေကိုလည်း နေ့တိုင်းစားပေးပါ။ အရည်ရွှမ်းတဲ့အသီးတွေဆိုရင် အသားအရေအတွက် ပိုအထောက်အကူဖြစ်စေပါတယ်။ မုန်လာဥနီဖျော်ရည်ကို နေ့တိုင်းသောက်ပေးပါ။

Source: www.thismuslimgirlbakes.blogspot.com

ဒီအချက်လေးတွေကိုသာ နေ့တိုင်းလုပ်သွားမယ်ဆိုရင်တော့ လပိုင်းအတွင်းမှာပဲ အသားအရေကသိသိသာသာကို ပြောင်းလဲလာတာ တွေ့ရပါလိမ့်မယ်။