လူတိုင်းက အချိန်တိုင်းမပျော်နိုင်ပါဘူး။ ဒါပေမဲ့ သင်က အချိန်တိုင်း မပျော်ဘူးဆိုရင်တော့ ဒါက ကောင်းတဲ့အရာမဟုတ်ပါဘူး။ ဘယ်လိုအခြေအနေပဲ ရောက်လာပါစေ ကိုယ့်စိတ်ကို ပျော်အောင် ထားဖို့ လိုပါတယ်။ သင်က အတတ်နိုင်ဆုံး ပျော်ပျော်နေချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းတွေကို သိထားသင့်ပါတယ်။
၁။ ကိုယ့်စိတ်ချမ်းသာအောင် မနက်တိုင်း နှစ်သက်ရာ မနက်စာစားပေးပါ။
၂။ အခန်းလိုက်ကာတွေဖွင့်ထားပြီး နေ့အလင်းရောင် ဝင်အောင်ထားပေးပါ။
၃။ အိပ်ရာနိုးချိန်တိုင်း အိပ်ရာသေချာသိမ်းပေးသင့်ပါတယ်။
၄။ သင့်အတွေးတွေ၊ သင့်ကိုယ်သင် အကောင်းမြင်စိတ်တွေ၊ ရည်မှန်းချက်တွေကို နေ့တိုင်း ချရေးသင့်ပါတယ်။
၅။ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်၊ အခန်းကို အမြဲသန့်ရှင်းအောင်ထားပါ။
၆။ ရေများများသောက်ပေးပါ။
၇။ တစ်ယောက်တည်း ပျော်ပျော်နေတတ်ဖို့ လေ့ကျင့်ပါ။ ကိုယ့်ဘာကိုယ် ချစ်တတ်ဖို့ လေ့ကျင့်ပါ။
၈။ ကိုယ့်ကောင်းကွက် အားသာချက်တွေကို အမြဲသတိရပေးပါ။
၉။ ကိုယ့်အိမ်မှာနေလည်း သန့်သန့်ပြန့်ပြန့်နေပေးပါ။
၁၀။ အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူ တာဒါမှမဟုတ် လမ်းထွက်လျှောက်တာမျိုး ပုံမှန်လုပ်ပေးပါ။
Photo Source: Pinterest
By MyStyleMyanmar