သုတေသန လေ့လာချက်များအရ နေ့ညမပြတ် အဆက်အသွယ် ရှိခြင်း၊ တစ်ယောက်နှင့် တစ်ယောက်ကြား လျှို့ဝှက်ချက်များ မရှိဘဲ ပွင့်ပွင့်လင်းလင်းရှိခြင်းတို့က ချစ်သူနှစ်ဦးရဲ့ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေကြောင်း ဖော်ပြထားပါတယ်။

သင့်ချစ်သူ (သို့) သင့်အိမ်ထောင်ဖက်အပေါ်မှာ အခုဖော်ပြပေးမယ့် အပြုအမူများ ပြုလုပ်ပေးခြင်းအားဖြင့် သင်တို့ရဲ့ဆက်ဆံရေးက တစ်စထက် တစ်စ ပိုမိုခိုင်မြဲလာမှာပဲဖြစ်ပါတယ်။

တစ်ယောက် ဝါသနာပါသည့်အရာကို အခြားတစ်ယောက်က အဖော်ပြုပေးခြင်း

ဒီလိုမျိုး တစ်ယောက်ဝါသနာပါတဲ့အရာကို အခြားတစ်ယောက်က အဖော်ပြုကာ လိုက်ပြုလုပ်ပေးခြင်းက သင့်တို့ကို အချိန်ကုန်မှန်မသိ ကုန်သွားစေပြီး ပျော်ရွှင်စေပါတယ်။

အာရုံစူးစိုက်ခြင်း

သင် စကားပြောတဲ့အချိန်မှာ အခြားတစ်ယောက်က သေချာ နားမထောင်ဘူးဆိုရင် သင် ဘယ်လိုခံစားရပါသလဲ။ ဒီလိုပါပဲ ချစ်သူစုံတွဲများအကြား၊ အိမ်ထောင်ဖက်များအကြား ဂရုစိုက်ခြင်း၊ အာရုံစူးစိုက်ခြင်းကလည်း အရေးကြီးပါတယ်။ ဒီအပြုအမူက သင်တို့ရဲ့အကြောက်တရား၊ မျှော်လင့်ချက်၊ ယုံကြည်ချက်များ၊ အမြင်ကွဲပြားမှုများကို အတူတူဆွေးနွေးနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

တစ်နေ့တာလုံး အဆက်အသွယ်ရှိခြင်း

တစ်နေ့တာလုံးမှာ ဘယ်လောက်ပဲအလုပ်များနေပါစေ ကိုယ့်ချစ်တဲ့သူအတွက်ဆို မအားတဲ့ကြားကနေ အချိန်ပေးတတ်ကြပါတယ်။ ဒီလိုမျိုး အမြဲမပြတ် အဆက်အသွယ်ရှိခြင်းက တစ်ယောက်အပေါ်တစ်ယောက် ကျေနပ်နွေးထွေးမှုရှိစေပြီး သင်တို့ရဲ့အချစ်ကို ခိုင်မြဲစေပါတယ်။

ရန်ဖြစ်ရတဲ့အကြောင်းအရင်းကို သေချာဖြေရှင်းခြင်း

အချစ်ခရီးလမ်းက ပန်းခင်းလမ်းတွေချည်းပဲ ပြည့်နှက်နေတာမဟုတ်ပါဘူး။ တခါတရံမှာ စိတ်သဘောထား ကွဲလွဲမှုတွေနဲ့လည်း ကြုံရတတ်ပါတယ်။ ဒီလိုငြင်းကြ ခုန်ကြတဲ့အခါမှာလည်း စိတ်အေးအေးနဲ့ ပြန်လည်ဖြေရှင်းတတ်ဖို့လိုပါတယ်။ မအိပ်စက်ခင်မှာ စိတ်ဆိုးပြေမှသာ စိတ်အေးချမ်းသာစွာနဲ့ အိပ်စက်အနားယူနိုင်မှာမဟုတ်လား။ ဒါမှလည်း ရန်ဖြစ်ရတဲ့ရက်က ရှည်ကြာမနေမှာပါ။

အိမ်အလုပ် အတူတူ ခွဲဝေပြုလုပ်ခြင်း

နှစ်ယောက်တစ်ဘဝ ထူထောင်ကြတဲ့အခါ မောင်တစ်ထမ်း မယ်တစ်ရွက်နဲ့ အပေးအယူမျှဖို့ လိုပါတယ်။ ဒါ့အပြင် အိမ်မှုကိစ္စများ၊ ချက်ပြုတ်ပြင်ဆင်ခြင်း၊ လျှော်ဖွပ်ခြင်း၊ အိမ်သန့်ရှင်းရေး ပြုလုပ်ခြင်းက အမျိုးသမီးတွေနဲ့ပဲ သက်ဆိုင်တယ်ဆိုတဲ့ အတွေးအခေါ်မျိုးက ခေတ်နောက်ကျသွားပါပြီ။ အိမ်အလုပ်များ ခွဲဝေလုပ်ခြင်းက အောင်မြင်တဲ့အိမ်ထောင်ရေးကို ထူထောင်နိုင်တယ်လို့ သုတေသနလေ့လချက်များအရ သိရှိရပါတယ်။

ချစ်ကြောင်းပြောဖို့ ဝန်မလေးပါနဲ့

တစ်ယောက်နဲ့ တစ်ယောက်ချစ်လို့ပဲ ချစ်သူတွေဖြစ်ခဲ့ကြပြီ (သို့) အိမ်ထောင်ပြုပြီးခဲ့ကြပြီးပဲ ချစ်ကြောင်း ပြောဖို့မလိုတော့ပါဘူးလို့ မထင်လိုက်ပါနဲ့။ တစ်နေ့ကို အနည်းဆုံးတစ်ကြိမ်ခန့် ပြောပေးခြင်းအားဖြင့် သင်တို့ရဲ့ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေပါလိမ့်မယ်။

Source: Brightside.me