ကိုယ်အလေးချိန် လျော့ချဖို့ရန်အတွက် အာဟာရမျှတစွာ စားသုံးရုံ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ရုံနဲ့ မလုံလောက်ပါဘူး။ ဝိတ်တက်စေတဲ့ အမူအကျင့်တချို့ကိုလည်း ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။

သင်ကိုယ်တိုင်တောင် မသိလိုက်မိဘဲနဲ့ ပြုလုပ်မိတဲ့အမူအကျင့်များက ဘာများဖြစ်မလဲ။

ထောပတ်သီးကို အလွန်အကျွံစားသုံးခြင်း

ထောပတ်သီးမှာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့သဘာဝအဆီများ ပါဝင်တယ်ဆိုပေမယ့် အလွန်အကျွံစားသုံးမိပါက ကယ်လိုရီတက်စေပြီး ဝိတ်ကျမှာမဟုတ်တော့ပါဘူး။ သင့်အနေနဲ့ ဝိတ်ချနေတယ်ဆိုရင်တော့ တစ်ရက်ကို ထောပတ်သီးတစ်ခြမ်းပဲ စားသုံးသင့်ပါတယ်။

နေ့လည်စာ မစားခြင်း

အချို့လူများက ဝိတ်မြန်မြန်ကျဖို့ဆိုပြီး နေ့လည်စာ ရှောင်လေ့ရှိပါတယ်။ ထိုကဲ့သို့ အစားရှောင်ခြင်းက သင့်ကို စိတ်ဖိစီးမှုများစေပြီး စိတ်ပင်ပန်းစေပါတယ်။ ဒါ့ကြောင့် မနက်စာ၊ နေ့လည်စာ၊ ညစာရှောင်ခြင်းတို့ ပြုလုပ်မယ့်အစား အကြိမ်ရေ များများနဲ့ တစ်ခါစားရင် နည်းနည်းစီ စားပေးရပါမယ်။

Skinny Jeans အဝတ်များခြင်း

Skinny Jeans ဝတ်ဆင်ခြင်းက သင့်ကို ပိန်တဲ့ပုံ ပေါ်စေပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ Skinny Jeans က ပေါင်နဲ့ တင်ပါးရှိ ကြွက်သားများကို ကြပ်ထုပ်စေလို့ပါပဲ။ အချိန်ကြာလာတဲ့အခါ ပေါင်နဲ့ တင်ပါးရှိ ကြွက်သားများက လျော့တိလျော့ရဲဖြစ်သွားပြီး ပိုဝသယောင်ဖြစ်သွားပါတယ်။

သင့်ခန္ဓာကိုယ်ကို အရမ်းနှိပ်စက်ခြင်း

ဝိတ်မြန်မြန်ကျချင်လို့ဆိုပြီး ကြွက်သားများကို အနားမပေးဘဲ လေ့ကျင့်ခန်းအလွန်အကျွံ ပြုလုပ်ခြင်းက သင့်ရဲ့Cortisol ပမာဏကို မြင့်တက်စေပြီး ခန္ဓာကိုယ်ထဲမှာ အဆီပိုများများ ခိုအောင်းလာစေပါတယ်။ ဒါ့ကြောင့် တစ်ပတ် ခုနစ်ရက်စလုံး လေ့ကျင့်ခန်းပြုလုပ်ခြင်းထက် တစ်ပတ်ကို လေးရက်လောက် လေ့ကျင့်ခန်းပြုလုပ်ကာ ကျန်သုံးရက်ကိုတော့ အနားပေးထားသင့်ပါတယ်။

အိမ်ထဲမှာပဲနေခြင်း

သင့်ရဲ့ခန္ဓာကိုယ်ကို သဘာဝအလင်းရောင်နဲ့ မထိတွေ့စေဘဲ တနေကုန် အိမ်တွင်းအောင်းနေခြင်းက သင့်ကို ပိုဝစေပါတယ်။ လေ့လာချက်များအရ နေ့အလင်းရောင်က အရေပြားကို ထိုးဖောက်ဝင်ရောက်ပြီး အဆီဆဲလ်များကို ဖယ်ရှားပေးတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို အနည်းဆုံးနာရီဝက်ခန့် နေရောင်ခြည်နဲ့ ထိတွေ့ဖို့ လိုအပ်ပါတယ်။

Source: Brightside.me