တချို့လူတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်နှာမှာ အရေးအကြောင်းတွေ ပေါ်လာပြီး ရုပ်ရင့်တယ်ဆိုတာ မှားယွင်းတဲ့နေမှုထိုင်မှု အမှားအယွင်းတွေကြောင့် ဖြစ်လေ့ရှိပါတယ်။ အိုမင်းမှုကို မြန်ဆန်စေတဲ့ အကြောင်းအရင်းတွေအများကြီးရှိပါတယ်။ ဥပမာ- အနီရောင်အသား မကြာခဏစားခြင်းကလည်း အိုမင်းမှုကို မြန်ဆန်စေသလိုမျိုး ဖြစ်ပါတယ်။ ဒီတစ်ခါမှာ အိုမင်းခြင်းပြ လက္ခဏာတစ်ခုဖြစ်တဲ့ ပါးရည်တွန့်ခြင်းမဖြစ်အောင် လွဲမှားနေတဲ့ နေ့စဉ်အလေ့အကျင့်လေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) ပီကေဝါးခြင်း

Photo: Brightside.me

ပီကေဝါးခြင်းဟာ ပါးစပ်နဲ့တစ်ဝိုက် အရေးအကြောင်းတွေ ပေါ်လာတတ်တယ်လို့ ဆရာဝန်တွေက ယုံပါတယ်။ ပီကေဝါးခြင်းဟာ ကြွက်သားတွေကို ပိုအလုပ်ပေးရာရောက်လို့ ပါးစပ်နှုတ်ခမ်းတစ်ဝိုက် အရေးအကြောင်းတွေ ထွက်လာစေနိုင်ပါတယ်။ ပီကေလိုပါပဲ။ ကွမ်းစားခြင်းကလည်း ပါးစပ်နားမှာ အရေးအကြောင်းတွေ ဖြစ်လာစေနိုင်ပါတယ်။

(၂) ပြေးခြင်း

Photo: Brightside.me

အပြေးလေ့ကျင့်ခန်းလုပ်ခြင်းဟာ အရေပြားအောက်အလွှာက အဆီတွေကို လောင်ကျွမ်းပျက်စီးစေပါတယ်။ ပြေးမယ်ဆိုရင်ပိုသိသာပါတယ်။ အဆီတစ်သျှူးတွေ ဆုံးရှုံးခြင်းဟာ အရေးအကြောင်းတွေ ပိုနက်ရှိုင်းစေပါတယ်။ အပြေးလေ့ကျင့်ခန်းလုပ်သူအများအပြားဟာ နေရောင်အောက်မှာ ပိုပြီးလည်း အနေများတာကြောင့် အရေပြားနေလောင်မှု ပိုများနိုင်ပါတယ်။

(၃) စမတ်ဖုန်းကို စိုက်ကြည့်ခြင်း

Photo: Brightside.me

ဖုန်းသုံးခြင်းဟာ အရွယ်မတိုင်မီ အိုမင်းမှု ဖြစ်စေနိုင်ပါတယ်။ ဖုန်းကို မျက်မှောင်ကြုတ် စိုက်ကြည့်တာ ကြာလာရင် မျက်လုံးတစ်ဝိုက် အရေးအကြောင်း ပိုများလာနိုင်သလို လည်ပင်းတစ်ဝိုက် လိုင်းတွေ ပိုများလာနိုင်ပါတယ်။

(၄) နေပူထဲ မျက်မှန်နဲ့ မထွက်ခြင်း

Photo: Brightside.me

နေရောင်ထဲ ထွက်မယ်ဆိုရင် မျက်လုံးအေးအောင် နောက်ပြီး နေရောင်အလင်းနဲ့ တိုက်ရိုက်မထိတွေ့အောင် နေကာမျက်မှန်တပ်သွားသင့်ပါတယ်။ နေပူထဲ သွားတာ ကြာရင် မျက်ခုံးနှစ်ခု ပိုစူးစိုက်ကြည့်မိရာကနေ အရေးအကြောင်းတွေ ပေါ်လာနိုင်ပါတယ်။

(၅) ပိုက်နဲ့ စုပ်သောက်ခြင်း

Photo: Brightside.me

ကော်ဖီအေးနဲ့ အချိုရည်တွေ သောက်မယ်ဆိုရင် ပိုက်နဲ့ သောက်တာမျိုး ရှောင်ကြဉ်သင့်ပါတယ်။ ပိုက်နဲ့ ဖျော်ရည်သောက်ခြင်းဟာ နှုတ်ခမ်းတစ်ဝိုက် အရေးအကြောင်းတွေ ပေါ်လာနိုင်ပါတယ်။ ကြာကြာသောက်လေလေ ပါးစပ်နားတစ်ဝိုက် ကော်လာဂျင်တွေ ပြိုကွဲပြီး အရေးအကြောင်းတွေ ထွက်လာနိုင်ပါတယ်။

(၆) ဘေးတစ်စောင်းအိပ်ခြင်း

Photo: Brightside.me

အိပ်စက်မှုပုံစံအမှားကလည်း မျက်နှာမှာ အရေးအကြောင်းပေါ်လာနိုင်ပါတယ်။ ခေါင်းအုံးပေါ် မျက်နှာမှောက်အိပ်ခြင်းအားဖြင့် အသားအရေတွန့်ခေါက်သွားပြီး Sleep Linesတွေ ဖြစ်လာတတ်ပါတယ်။