ဘဝမှာ ပျော်ရွှင်မှုနဲ့ အောင်မြင်မှုဆိုတာ လူတိုင်းလိုချင်ကြတဲ့အရာတွေပါ။ ဒါပေမယ့် ဘဝက ပြည့်စုံမှုနဲ့ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေမှာ အမြဲတမ်း မတည်မြဲပါဘူး။ အများအားဖြင့် ပျော်ရွှင်မှုနဲ့ အောင်မြင်မှုရဲ့ အခြေခံအုတ်မြစ်က နေ့စဉ်လုပ်ရိုးလုပ်စဉ်များ၊ တသမတ်တည်းလုပ်ဆောင်မှုများကနေ စတာပါ။

သင်လည်း ပျော်ရွှင်မှုနဲ့ အောင်မြင်မှုကို လိုချင်တဲ့လူတစ်ယောက်ဆိုရင် ပျော်ရွှင်မှုနဲ့ အောင်မြင်မှုကို သိသိသာသာ တိုးမြင့်ပေးနိုင်တဲ့ ဒီအလေ့အကျင့်ငါးခုကို လုပ်ကြည့်ပါ။

ချရေးပါ

အောင်မြင်မှုများနောက်ကို အဆက်မပြတ် လိုက်နေတဲ့ခေတ်မှာ နေ့စဉ်အနိုင်ရမှုများကို အသိအမှတ်ပြုဖို့ မကြာခဏ မေ့နေတတ်ကြပါတယ်။ တစ်နေ့တာအောင်မြင်မှုကို မှတ်သားတာက စိတ်ကျေနပ်မှုနဲ့ အလုံးစုံ ကျန်းမာချမ်းသာမှုကို သိသိသာသာ တိုးမြင့်လာစေနိုင်ပါတယ် ။ အောင်မြင်မှုက ကြီးကျယ်ခမ်းနားနေစရာ မလိုပါဘူး။

မအိပ်ခင် ၁ နာရီထက်ပိုပြီး ဖုန်းမကိုင်ပါနဲ့

စမတ်ဖုန်းလို အီလက်ထရွန်နစ်ပစ္စည်းတွေကနေ ထုတ်လွှတ်တဲ့ အပြာရောင်အလင်းတန်းတွေက အိပ်ဖို့ပြင်နေတဲ့ ခန္ဓာကိုယ်ရဲ့သဘာဝပြင်ဆင်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ မအိပ်ခင် စာဖတ်တာ တရားထိုင်တာမျိုးက သင့်ကိုအိပ်တဲ့အချိန်မှာ ကောင်းစွာအိပ်စက်စေမှာပါ။

နေ့တိုင်း တစ်ခုခုကို ဖန်တီးပါ

တီထွင်ဖန်တီးနိုင်စွမ်းဆိုတာ အနုပညာရှင်များ၊ စာရေးဆရာများ သို့မဟုတ် ဂီတပညာရှင်များအတွက်သာ သီးသန့်ထားတာမဟုတ်ပါဘူး။ ပရောဂျက်တစ်ခုအတွက် စိတ်ကူးများကို ဖောက်ထွက်တာ ၊ ဟင်းချက်နည်းအသစ်ကို စမ်းသပ်တာ ဒါမဟုတ် ပန်းအိုးထဲပန်းထိုးတာ စတာတွေကလည်း တီထွင်ဖန်တီးမှုပါပဲ။

ကျေးဇူးတင်ပါ

လူအချင်းချင်း ဆက်ဆံရေးဆိုတာ လူတိုင်းရဲ့ ပျော်ရွှင်မှုအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ကျေးဇူးတင်ကြောင်းဖော်ပြခြင်းနဲ့ ပြန်လည်ပေးကမ်းခြင်းတို့က ပေါင်းသင်းဆက်ဆံရေးကို စိတ်ကျေနပ်မှုရရှိစေနိုင်ပြီး အချင်းချင်းကြားမှာ နွေးထွေးမှုနဲ့ ချိတ်ဆက်မှု ခံစားချက်များကို မြှင့်တင်ပေးနိုင်ပါတယ်။