ဆံပင်ကျွတ်လို့ စိတ်ညစ်နေပါသလား။ ဆံကေသာက နူးညံ့ပျော့ပျောင်းပြီး ကျန်းမာလှပတဲ့ပုံစံမျိုးကို လိုချင်ပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် အပြုအမူများကို ရှောင်ကြဉ်သင့်ပါတယ်။

မနက်စာ မစားခြင်း

မနက်စာမစားတဲ့အခါ ခန္ဓာကိုယ်တွင် လုံလောက်တဲ့ကယ်လိုရီဓာတ်များ မရရှိတဲ့အတွက်ကြောင့် သင့်ခန္ဓာကိုယ်က စွမ်းအင်များကို အရေးကြီးသောအစိတ်အပိုင်းများဖြစ်တဲ့ နှလုံး၊ ဦးနှောက်စတဲ့အင်္ဂါအစိတ်အပိုင်းများဆီသို့ ပို့ဆောင်ပေးပြီး ဆံကေသာနဲ့ ဦးရေပြားကိုတော့ ချန်လှဲ့ထားခဲ့ပါတယ်။ ဒါ့ကြောင့် ဆံပင်မကျွတ်ချင်ဘူးဆိုရင်တော့ မနက်စာ ပုံမှန်စားပေးဖို့ လိုအပ်ပါတယ်။

နေလောင်ဒဏ် အလွန်အမင်းခံရခြင်း

သင် အပြင်ထွက်တဲ့အခါ နေအလင်းတန်းရဲ့ခရမ်းလွန်ရောင်ခြည်က ဆံကေသာရဲ့သန်စွမ်းမှုကို စုပ်ယူသွားပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့မှုများတဲ့အခါ ဦးရေပြားကခြောက်သွားပြီး ဆံပင်မွှေးညှင်းပေါက်များလည်း ပျက်စီးသွားပါတယ်။ အကျိုးဆက်အနေနဲ့ ဆံပင်အများအပြား ကျွတ်သွားရပါတော့တယ်။

တစ်ပတ် တစ်ကြိမ်သာခေါင်းလျှော်ခြင်း

ဆံပင်ကို အကြာကြီးနေမှ တစ်ကြိမ်လောက်သာ လျှော်တဲ့အခါ အညစ်အကြေးများ၊ ဖုန်မှုန့်များ၊ ဆီများက ဆံပင်မွှေးညှင်းပေါက်လေးကို သွားပိတ်ဆို့နေတတ်ပါတယ်။ ထိုအခါ ဆံပင်အသစ်ပေါက်လာဖို့ ခဲယဉ်သွားပြီး ပေါက်ပြီးသားဆံပင်ကိုလည်း တဖြည်းဖြည်း ပါးသွားစေပါတယ်။

ရေပူဖြင့် ရေချိုးခြင်း

ရေနွေးပူနဲ့ ရေချိုးခြင်းသည် အသားအရေကို ကြမ်းတမ်းစေရုံသာမကဘဲ ဆံကေသာကိုလည်း ခြောက်သွေ့စေပါတယ်။ ဒါ့အပြင် သင့်ဦးခေါင်းမှာ ဘက်တီးရီးယားနှင့် ပိုးမွှားများ ပေါက်ဖွားမှုကို အားပေးတာကြောင့် ရေနွေးပူဖြင့် ရေချိုးမယ့်အစား ရေအေးဖြင့်သာ ရေချိုး ခေါင်းလျှော်သင့်ပါတယ်။

မကြာခဏခေါင်းကုတ်ခြင်း

ဦးရေပြား ယားယံခြင်းသည် ရောဂါပိုးဝင်ခြင်း၊ မှိုစွဲကပ်ခြင်း၊ ရောင်ရမ်းခြင်းတို့ကြောင့်ဖြစ်ပါတယ်။ ဦးရေပြား ယားယံလို့ ခဏခဏ ခေါင်းကုတ်တဲ့အခါ ဆံပင်ရဲ့သန်စွမ်းမှုကို လျော့ကျစေပြီး ဆံပင်ပါးသွားစေပါတယ်။ ဆံကေသာမွှေးညှင်းပေါက်လေးများကို ထိခိုက်စေတာကြောင့် ခဏခဏခေါင်းကုတ်တတ်တဲ့အကျင့်ကို ဖျောက်ဖျက်သင့်ပါတယ်။

Source: Brightside.me