လူတစ်ယောက်မှာ ဆံပင်ပုံစံက တကယ်ကိုအရေးကြီးပါတယ်။ ကိုယ်လုပ်ထားတဲ့ ဆံပင်ပုံစံပေါ်မူတည်ပြီး ရုပ်ပြောင်းသွားစေပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ မျက်မှန်တပ်နေရတဲ့ ကောင်မလေးတွေအတွက် ဘယ်လိုဆံပင်ပုံစံနဲ့ ပိုလိုက်ဖက်မလဲ၊ ဘယ်လိုဆံပင်ပုံစံက ပိုပြီးချစ်စရာကောင်းသွားစေမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်နော်…
မျက်မှန်အဝိုင်းကြီးကြီးလေး တပ်ထားရင်တော့ ကျစ်ဆံမြီးကျစ်ထားတဲ့ ဆံပင်လေးတွေ၊ ရိုးရိုးဆံပင်အဖြောင့်လေးတွေနဲ့ ပိုလိုက်ဖက်ပါတယ်။
မျက်မှန်တပ်တဲ့ကောင်မလေးတွေအတွက် ချစ်စရာအကောင်းဆုံး ဆံပင်ပုံစံကတော့ ဆံပင်ဂုတ်ဝဲလေးတွေပါပဲ။
အရမ်းမရှည်တဲ့ဆံပင်ကို အောက်နားလေးတွေလိပ်ထားတာ၊ ကောက်ထားတာမျိုးကလည်း မျက်မှန်တပ်တဲ့ ကောင်မလေးတွေနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံပါ။
ဆံပင်အမြင့်လေးတွေစည်းထားတာမျိုး၊ ကိုရီးယားမလေးတွေလို ဆံထုံးအမြင့်လေးတွေ ထုံးတာမျိုးက မျက်မှန်တပ်တဲ့ ကောင်မလေးတွေနဲ့ဆို အရမ်းချစ်စရာကောင်းပါတယ်။ မျက်မှန်အဝိုင်းတပ်ရင်တော့ ပိုလိုက်တာပေါ့။
ဆံပင်အရှည်ကို ပြေပြေလေးလိပ်ထားတာမျိုးကလည်း မျက်မှန်တပ်တဲ့ကောင်မလေးတွေကို ချစ်စရာကောင်းစေတဲ့ ဆံပင်ပုံစံပါ။ ဆံပင်အလိပ်ကြီး လိပ်ထားတာမျိုးကျတော့ မျက်မှန်နဲ့ဆိုရင် လူကြီးနည်းနည်းဆန်စေပါတယ်။
ဆံပင်ကိုပြေပြေလေးလိပ်ပြီး အရှေ့ဆံပင်လေးချတာမျိုးဆိုလည်း မျက်မှန်တပ်တဲ့ကောင်မလေးတွေကို ပိုချစ်စရာကောင်းစေပါတယ်။
Photo Source: Pinterest