လူငယ်ကောင်မလေးတွေအတွက် ကလေးဆန်ပြီး အရမ်းချစ်ဖို့ကောင်းတဲ့ ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ လုပ်ရတာလည်းလွယ်ကူတဲ့ ပို့စ်ပေးနည်းတွေဖြစ်တာကြောင့် ဓာတ်ပုံရိုက်ရင် ပို့စ်မပေးတတ်တဲ့သူတွေအတွက် အဆင်ပြေမှာပါ။
ထိုင်ခုံတွေမှာထိုင်ပြီးရိုက်ရင် စတိုင်လ်ကျကျထိုင်တာထက် ဒီလိုလေးထိုင်ပြီး ပို့စ်ပေးတာက ပိုချစ်ဖို့ကောင်းတဲ့ cute type ဘက်သွားပါတယ်။
Dress လေးတွေဝတ်ထားရင် ဒီလိုမျိုးလေး ချစ်ဖို့ကောင်းအောင် ပို့စ်ပေးကြည့်ပါ။ အရမ်းကိုပြုံးနေတဲ့ မျက်နှာမျိုးလေးလုပ်ထားရင် ပိုပြီးချစ်ဖို့ကောင်းမှာပါ။
ပို့စ်ပေးဖို့ခက်နေရင် ဒီပို့စ်လေးသာ လုပ်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။ လုပ်ရတာလည်း မခက်ခဲပါဘူး။
ကြမ်းမှာထိုင်ပြီး ဒီလိုမျိုးလေးပို့စ်ပေးရင် အရမ်းချစ်ဖို့ကောင်းပြီး လူငယ်ဆန်ပါတယ်။ ကိုယ်တိုင် ဖုန်းထောင်ပြီးတော့ပဲဖြစ်ဖြစ်၊ selfie stick နဲ့ပဲဖြစ်ဖြစ် ရိုက်လို့ရတာကြောင့် ရိုက်ပေးမယ့်သူတောင် မလိုပါဘူး။
ကမ်းခြေတွေသွားရင် portrait ရိုက်ဖြစ်အောင်ရိုက်ပါ။ အရမ်းလှပါတယ်။ ပို့စ်ပေးရင်တော့ ဂါဝန်လေးနဲ့ ဒီလိုပျော်ရွှင်ပြီး ရယ်နေတဲ့ပုံစံလေး ပို့စ်ပေးကြည့်ပါ။
အအေးဘူးကိုင်ထားပြီး ဘယ်လိုပို့စ်ပေးရမှန်းမသိရင် ဒီလိုလေးသာ ပို့စ်ပေးပြီးရိုက်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။
ဒီပို့စ်ပေးနည်းလေးဆိုရင် ကိုရီးယားမလေးတွေ လုပ်နေကျပုံစံလေးပါ။ ကလေးဆန်ပြီး အရမ်းချစ်ဖို့ကောင်းတဲ့ cute type လေး ဖြစ်ပါတယ်။
City mart တွေမှာ ဒီလိုလေးပို့စ်ပေးပြီးတော့လည်း ရိုက်လို့ရပါသေးတယ်။ ဒီလိုခါးထောက်ပြီး ပြုံးနေတဲ့ပုံစံလေးကတော့ ကလေးဆန်းပြီး ချစ်ဖို့ကောင်းတဲ့ ပို့စ်မျိုးပါပဲ။
တစ်ခါတစ်လေကျရင် နှုတ်ခမ်းဆူပြီးရိုက်တာမျိုးကလည်း အရမ်းချစ်ဖို့ကောင်းပါတယ်။ လူငယ်ကောင်မလေးတွေနဲ့ကတော့ အရမ်းလိုက်ဖက်တဲ့ပို့စ်မျိုးပါ။
ပို့စ်ကောင်းကောင်းမလုပ်တတ်ရင် ဒီလိုလေး ခေါင်းစောင်းပြီး လက်နှစ်ဖက်နဲ့ မေးထောက်နေတဲ့ပို့စ်မျိုးသာ လုပ်ကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။
ဒီပို့စ်လေးကတော့ အရမ်းကိုချစ်ဖို့ကောင်းတဲ့ ပို့စ်ပေးနည်းပါပဲ။ ကိုင်စရာကင်မရာမရှိလည်း သစ်သီး၊ ပန်းသီး၊ မုန့်၊ စာအုပ် စတာတွေကိုကိုင်ပြီး ရိုက်လို့ရပါတယ်။
photo source:www.pinterest.com