အားလုံးပဲမင်္ဂလာပါနော်။ ဆံပင်ညှပ်တော့ညှပ်ချင်‌ပေမယ့် အရမ်းလည်းမတိုချင်ဘူးဆိုတဲ့ ပျိုမေလေးတွေအတွက် ဆံပင်စတိုင်လ်ကိုလည်း လှလှလေးနဲ့ အမိုက်စားလေးဖြစ်ချင်တယ်ဆိုရင်တော့ မတိုမရှည် ဒီလိုဆံပင်ပုံစံလေးတွေထားဖို့ အကြံပြုလိုက်ပါတယ်နော်။

မတိုမရှည်လေးနဲ့ Medium ဆံပင်ပုံလေးတွေက ချစ်ဖို့ကောင်းတဲ့အပြင် အရမ်းလည်း အထာကျပါတယ်နော်။ ဒီလိုဆံပင်ပုံလေးတွေကို အဖြောင့်လေးပဲထားထား၊ အပြေလေးပဲကောက်ကောက် အရမ်းကိုလိုက်ဖက်မှာသေချာပါတယ်။

ဆံမြိတ်လေးချမယ်ဆိုရင်တော့ ပိုပြီးနုပျိုနေမှာပါနော်။ တချို့က နဖူးကျယ်တာ၊ ဒါမှမဟုတ် နဖူးလေးမြင့်မှ ဆံမြိတ်ချတာနဲ့ လိုက်ဖက်တယ်လို့ထင်ကြပါတယ်။ ဒါပေမယ့် ဒီလိုမဟုတ်ပါဘူးနော်။ နဖူးကျဉ်းတဲ့သူတွေလည်း ဆံမြိတ်ကို ခပ်ပါးပါးလေးချလို့လည်းရပါတယ်။

ကဲ…ဘယ်လိုဆံပင်ပုံစံလေးတွေလဲဆိုတာကို အတူတူကြည့်လိုက်ရအောင်…



Photo Source: Pinterest