ဓာတ်ပုံရိုက်တဲ့အခါမှာ pose သိပ်မပေးတတ်တဲ့ ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ Zhao Lusi ရဲ့ photo pose လေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်ရင် pose တွေ တကူးတကစဉ်းစားနေစရာမလိုအောင် Zhao Lusi ရဲ့ photo pose လေးတွေအတိုင်းသာ try ကြည့်လိုက်တော့နော်။

အောက်မှာဒီတိုင်းထိုင်ရိုက်တဲ့အခါမှာတော့ Lusi ရဲ့ ဒီ pose လေးအတိုင်း ရိုက်ကြည့်ပါ။ လုပ်ရတာလွယ်ကူပြီး ချစ်ဖို့ကောင်းပါတယ်။

ခုံမှာထိုင်ရိုက်ရင် ရိုးရိုးထိုင်မရိုက်ပဲ Lusi ရဲ့ ဒီ pose လေးအတိုင်း ရိုက်ကြည့်ပါ။ အရပ်ပိုရှည်သလိုဖြစ်ပြီး ချစ်ဖို့ကောင်းပါတယ်။

အောက်မှာ ဒီတိုင်းထိုင်ရိုက်တဲ့အခါမှာ အသုံးဝင်စေမယ့် နောက်ထပ် pose လေးတွေပါ။ ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

Mirror selfie ရိုက်တဲ့အခါမှာလည်း ဒီတိုင်း တောင့်တောင့်ကြီး မတ်တပ်ရပ်ရိုက်တာမျိုး မလုပ်နဲ့တော့နော်။ ပိုလှတဲ့ပုံလေးရအောင် Lusi ရဲ့ ဒီ pose လေးအတိုင်းသာ ရိုက်ကြည့်လိုက်ပါ။

ဒီလိုထိုင်စရာ ခြေထောက်တင်စရာ နေရာရှိရင်တော့ Lusi ရဲ့ ဒီ pose လေးက အသုံးဝင်ပါလိမ့်မယ်။ လှပတဲ့ pose ဖြစ်သလို ခြေတံအလှလည်း ပေါ်လွင်စေပါတယ်။

မျက်မှန်နဲ့ရိုက်တဲ့အခါ ဒီ pose လေးကိုလည်း try ကြည့်နော်။ လွယ်ကူတဲ့ pose လေးပါပဲ။

လှပကြော့ရှင်းနေတဲ့ look မျိုး အပြည့်အဝရစေမယ့် pose လေးပါ။ ဒီ pose လေးအတိုင်းလည်း ရိုက်ဖြစ်အောင်ရိုက်ကြည့်နော်။

မျက်နှာအနီးကပ်ပုံလေးတွေရိုက်တဲ့အခါ ဘယ်လို pose ပေးရမှန်းမသိရင် Lusi ရဲ့ ဒီ pose လေးအတိုင်းသာ ရိုက်ကြည့်လိုက်ပါ။

လုပ်ရလွယ်ကူတဲ့ pose ဖြစ်သလို ချစ်ဖို့လည်းကောင်းတဲ့ pose လေးပါ။

လက်ထဲမှာ အအေးဘူး၊ ကော်ဖီဘူးကိုင်ထားပြီး ရိုက်တဲ့အခါမှာတော့ ဒီ pose လေးက အသုံးဝင်ပါလိမ့်မယ်။

ခွေးလေး ကြောင်လေးတွေနဲ့ ရိုက်ချင်တဲ့အခါမှာတော့ ဒီ pose လေးက ချစ်ဖို့ကောင်းပြီး လုပ်ရတာလည်း လွယ်ကူတဲ့ပုံစံလေး ဖြစ်ပါတယ်။

ဆိုင်မှာ မုန်စားရင်းနဲ့ ရိုက်ဖြစ်ရင် Lusi ရဲ့ ဒီ pose လေးအတိုင်း ရိုက်ကြည့်နော်။ ချစ်ဖို့ကောင်းတဲ့ပုံ လှလှလေး ရလာပါလိမ့်မယ်။