အခုချိန်က အေးချမ်းတဲ့ ဆောင်းတွင်းလေးရောက်ရှိလာပြီဆိုတော့ ရန်ကုန်မှာ မအေးပေမယ့် တခြား အအေးပိုင်းဒေသလေးတွေနဲ့ တောင်ပေါ်ဒေသတွေမှာတော့ အေးနေပြီနော်။ ဒါကြောင့် အေးတဲ့အရပ်ဒေသတွေကို အခုချိန် ခရီးသွားမယ်ဆိုရင် ဆောင်းရာသီဖက်ရှင်လေးတွေနဲ့ ရှိုးထုတ်လို့ အကောင်းဆုံးပဲ။

စကပ်အကွက်လေးတွေကို ချစ်စရာကောင်းတဲ့ ဆွယ်တာအင်္ကျီလေးတွေနဲ့ တွဲဝတ်ပြီး ဒီလိုဦးထုပ်လေးတွေဆောင်းတာက အရမ်းကိုချစ်စရာကောင်းပါတယ်။ အေးတဲ့နေရာဒေသကို ခရီးထွက်ရင် ကိုရီးယားဆန်ဆန်လေးဝတ်ချင်သူများအတွက်တော့ ဒါလေးက ကွက်တိကျမှာ အသေအချာပါပဲ့နော်။

ဆွယ်တာ (သို့) Hoodie အပွကြီးတွေကို Boots အရှည်တွေနဲ့ တွဲဝတ်တာက ဖက်ရှင်ကျစေတဲ့အပြင် အေးတဲ့နေရာကို ခရီးသွားရင်လည်း အရမ်းလိုက်ဖက်ပါတယ်။

Hoodie အပွလေးတွေကို ဒီလို Sneakers လေးနဲ့ ရိုးရိုးလေးဝတ်ထားရင်တောင် ချစ်စရာကောင်းပြီး ခရီးထွက်ရင်း လျှောက်လည်တဲ့အချိန် ဝတ်ဆင်လို့လည်း အဆင်ပြေစေပါတယ်။

ဆွယ်တာအင်္ကျီလက်ရှည်လေးတွေကို ကိုရီးယားစကပ်လေးတွေနဲ့ပဲဖြစ်ဖြစ် Mini စကပ်လေးတွေနဲ့ပဲဖြစ်ဖြစ် တွဲဝတ်ပြီး Boots အရှည်လေးသာစီးလိုက်ပါ။ အရမ်းမိမိုက်တဲ့ဒီလိုဖက်ရှင်လေးနဲ့ ခရီးမှာ အပြတ်လန်းလို့လည်းရတယ်နော်။

ဂျင်းဘောင်းဘီဝတ်မယ့်အစား ခရီးသွားရင် Bell Pant လေးတွေကို တီရှပ်နဲ့တွဲဝတ်ပြီး အပေါ်ကနေ ဂျင်းကုတ်သာ ထပ်ဝတ်လိုက်ပါ။

ဒူးဖုံးစကပ်အကျပ်လေးတွေကို ကုတ်လေးတွေနဲ့ တွဲဝတ်တာကလည်း ကိုရီးယားဆန်ဆန်နဲ့ အရမ်းချစ်စရာကောင်းစေတဲ့အတွက် အေးတဲ့နေရာကို ခရီးသွားမယ်ဆို ကွက်တိပဲနော်။

Bell Pant တွေကို ဆွယ်တာလေးတွေနဲ့တွဲဝတ်ပြီး ကိုရီးယားဆန်ဆန်လေးရှိုးထုတ်လို့ရသေးတယ်ဆိုတော့ လူငယ်ကောင်မလေးတွေ အကြိုက်တွေ့မှာပါ။

အေးတဲ့နေရာကိုခရီးသွားရင် ဂျင်းဘောင်းဘီရှည်ဝတ်မယ်လို့ စီစဉ်ထားတယ်ဆိုရင် ဆွယ်တာအရောင်လှတာလေးတွေယူဖို့ လုံးဝမမေ့ပါနဲ့။ အပေါ်ထပ် အနွေးထည်ကိုလည်း အရောင်တောက်တာလေးတွေယူဖို့ မမေ့နဲ့နော်။

ရိုးရိုးစတိုင်လ်လေးတွေပဲဝတ်ရတာကြိုက်ရင်တော့ အေးတဲ့နေရာကို ခရီးသွားတဲ့အခါ ဂျင်းဘောင်းဘီအရှည်နဲ့ လက်ရှည်အင်္ကျီလှလှလေးတွေ၊ Hoodie လေးတွေနဲ့သာ တွဲဝတ်လိုက်ပါ။ ဒီဖက်ရှင်လေးက ပေါ့ပေါ့ပါးပါးနဲ့ စတိုင်လ်ကျနေစေမှာပါနော်။

Photo Source: Pinterest