Ulzzang ဆိုတာကတော့ တောင်ကိုးရီးယားနိုင်ငံကနေ စဖြစ်လာခဲ့တဲ့ အခေါ်အဝေါ်ပါ။ အဓိပ္ပာယ်ကတော့ အချောဆုံး မျက်နှာ၊ အလှဆုံး ပုံစံလို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ ဒီအခေါ်အဝေါ်က ၂၀၀၁ တည်းက ပေါ်ပေါက်ခဲ့တာကြောင့် တောင်ကိုးရီးယားမှာ ဟောင်းသွားပြီ ဖြစ်ပေမယ့် တခြားနေရာတွေပါ Ulzzang ဆိုတဲ့ အသုံးအနှုန်းကို သုံးစွဲနေတုန်းဖြစ်ပြီး Ulzzang စတိုင်ကို Copy လုပ်လာကြပါတယ်။

Ulzzang Look ဆိုရင် မျက်လုံး ဝိုင်းဝိုင်းလေး၊ မျက်တောင် ရှည်ရှည်၊ ဖြောင့်တန်းပြီးလှတဲ့ မျက်ခုံးနဲ့အတူ V Shape မျက်နှာသေးသေး၊ စတိုင်ခပ်မိမိတွေကို မြင်ရမှာပါ။ ဒီတစ်ခေါက်မှာတော့ Ulzzang Style လိုချင်တဲ့ ကောင်မလေးတွေ သဘောကျမယ့် ဆံပင်စတိုင်တွေကို ဖော်ပြပါရစေ။ ဒီစတိုင်တွေအတိုင်း သင်က ထားမယ်ဆိုရင် အရင်ထက် ချစ်ဖို့ ကောင်းလာမယ့်အပြင် Social Media ပေါ်မှာပါ Like တွေ Follower တွေ ပိုများလာပါလိမ့်မယ်။

ဆံပင် ဂုတ်ဝဲ

See Through Bangs

ပုံမှန် စိုပြေပြီး လှတဲ့ ဆံပင်ရှည် အနက်

ဆံပင်ကို ကပိုကယိုလေး စည်းထားတဲ့ စတိုင်

Ulzzang Girl တွေက ဆံပင် အရောင် လင်းတာတွေ ဆိုးလေ့ရှိပါတယ်။ ဒါ့အပြင် အရောင်မျိုးစုံ ဆိုးတတ်ကြပြီး သူတို့ လိမ်းတဲ့ မိတ်ကပ်စတိုင်နဲ့ လိုက်ဖက်နေလေ့ရှိပါတယ်။

ဆံပင်ရှည် လှိုင်းကောက် ပြေပြေလေးတွေ

ဆံပင်ရှေ့ ဆံမြိတ်ချပြီး အမြင့်စည်းထားတာ

ရှေ့ဆံမြိတ် အပြည့်ချထားတဲ့ Hairstyle

ဆံပင်အရောင်ကိုမှ ကျစ်ဆံမြီး ကျစ်မယ်ဆိုရင် ပိုပေါ်သွားလေ့ရှိပါတယ်။

သင် နှစ်သက်တဲ့ ဆံပင်စတိုင်ကို ဒီထဲ ရှာနိုင်မှာ မလွဲမသွေပါပဲ။

Photo Source: K Beauty Addiction

By MyStyle Myanmar