ပျိုမေလေးတို့ရေ ကိုဗစ်ကာလကြီးက အခုချိန်ထိကို မကုန်ဆုံးနိုင်သေးပါဘူးနော်။ ၂၀၂၀ တစ်နှစ်သာကုန်သွားပေမယ့်လည်း အရင်လိုမျိုး လွတ်လွတ်လပ်လပ် အပြင်မထွက်နိုင်သေးတာကတော့ ၂၀၂၁ ကို ကူးသွားတဲ့အထိပါပဲ။

အရင်ကတည်းက အပြင်တွေကိုအမြဲသွားလေ့ရှိပြီး အပြင်ထွက်တဲ့အခါတိုင်းလည်း ဓာတ်ပုံလေးတွေ အမြဲရိုက်တတ်တဲ့ ပျိုမေလေးတွေအနေနဲ့ အခုလို အပြင်မထွက်ရတဲ့အချိန်မှာ တော်တော်ကို ပျင်းစရာကောင်းနေမှာပါနော်။

အပြင်မထွက်ရပေမယ့်လည်း ကိုယ့်အသိ စတူဒီယိုရှိမယ် ဓာတ်ပုံဆရာကောင်းကောင်းနဲ့ ရိုက်ကူးလေ့ရှိတဲ့ ပျိုမေလေးတွေက ဒီဆောင်းပါးလေးကို ဖတ်နေပြီဆိုရင်တော့ နောက်တစ်ခေါက်ကိုယ်ဓာတ်ပုံရိုက်မယ်ဆိုတဲ့အခါ ဘယ်လိုပို့စ်လေးကို ပေးရမလဲဆိုတာ သိပ်ပြီးစဥ်းစားစရာမလိုတော့ဘူးလို့ မျှော်လင့်ပါတယ်နော်။