လူငယ်ကောင်မလေးတွေအတွက် ဓာတ်ပုံရိုက်တဲ့အခါမှာ အသုံးဝင်မယ့် Cute Type Pose Idea လေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါ ထွေထွေထူးထူး Pose တွေစဉ်းစားနေစရာမလိုအောင် ဒီ Pose လေးတွေက အရမ်းကိုအသုံးဝင်ပါလိမ့်မယ်နော်။
ထိုင်ရိုက်တဲ့အခါ လက်ထဲမှာ အအေးခွက်လေးရှိရင် ဒီလိုလေးကိုင်ပြီး Pose ပေးကြည့်နော်။ အရမ်းချစ်ဖို့ကောင်းပါတယ်။
အိတ်လေးလွယ်ထားပြီး လက်နှစ်ဖက်က အိတ်ကိုကိုင်ကာ ဒီလိုလေးခေါင်းနဲ့ ခါးကို နည်းနည်းစောင်းပြီး Pose ပေးကြည့်ပါ။
လွယ်ကူတဲ့ Pose လေးဖြစ်ပြီး အရမ်းလည်းချစ်ဖို့ကောင်းသလို လူငယ်လည်းဆန်ပါတယ်။
အောက်မှာဒီတိုင်းထိုင်ရိုက်တဲ့အခါ ဒီလိုလေး Pose ပေးကြည့်ပါ။ ချစ်ဖို့ကောင်းပြီး လူငယ်ဆန်ပါတယ်။
လမ်းမမှာလည်း ဒီလိုလေးထိုင်ပြီး Pose ပေးလို့ရသေးတယ်နော်။
နောက်ထပ်ချစ်ဖို့ကောင်းတဲ့ Pose လေးပါ။ ဒီ Pose လေးက နောက်ပိုင်းမှာလည်း ခေတ်စားနေတဲ့ ပုံစံလေးပါ။
Pose သိပ်မပေးတတ်လည်း မပူပါနဲ့။ လက်ပိုက်ပြီး ဒီလိုလေး Pose ပေးကြည့်လိုက်နော်။
အရမ်းချစ်ဖို့ကောင်းတဲ့ Pose လေးပါ။ မျက်နှာလေးပြုံးထားပြီးရိုက်ရင် ပိုချစ်ဖို့ကောင်းပါတယ်။
ဆံပင်လေးနှစ်ဖက်ခွဲစည်းထားတဲ့အခါ ဒီလိုလေး ဆံပင်ကိုကိုင်ပြီး Pose ပေးလို့ရပါတယ်။
ဒါကတော့ လှလည်းလှသလို ချစ်ဖို့လည်းကောင်းတဲ့ Pose လေးဖြစ်ပါတယ်။
ဓာတ်ပုံရိုက်တဲ့အချိန် နေပူနေရင် ဒီလို Pose ပေးပြီးရိုက်ကြည့်နော်။
Lighting ကောင်းရင် ဒီလိုလေး Pose ပေးကြည့်ပါ။ လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။ Pose သိပ်မပေးတတ်တဲ့သူတွေအတွက် အဆင်ပြေတဲ့ Pose Idea လေးပါ။
Photo source:www.pinterest.com