လူငယ်ကောင်မလေးတွေအတွက် ဓာတ်ပုံရိုက်တဲ့အခါတိုင်းမှာ ဖက်ရှင်ကျကျနဲ့ ချစ်ဖို့ကောင်းနေစေမယ့် Cute Type ပို့စ်အိုင်ဒီယာလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ဒီပို့စ်လေးဆိုရင် ဝတ်ထားတဲ့ဖက်ရှင်ကိုလည်း ပေါ်လွင်စေပြီး စတိုင်လ်ကျကျနဲ့ ချစ်ဖို့ကောင်းနေစေမယ့် ပို့စ်ပေးနည်းလေးပါ။

ဘာပို့စ်လုပ်ရမှန်းမသိရင် ပါးကိုကိုင်နေတဲ့ ဒီလိုပို့စ်လေးသာ လုပ်ကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။

ဒီပို့စ်လေးဆိုလည်း လုပ်ရတာလွယ်ကူပြီး ချစ်ဖို့ကောင်းပါတယ်။ မျက်နှာက ကင်မရာကိုမကြည့်ပဲ အခြားတစ်ဖက်ကို ကြည့်နေပေးပါ။

ဒါကတော့ ဖက်ရှင်ကျကျနဲ့ ချစ်ဖို့ကောင်းသလို ဆွဲဆောင်မှုလည်းရှိတဲ့ ပို့စ်ပေးနည်းလေးပါ။

လူငယ်ကောင်မလေးတွေနဲ့ဆို ပိုလိုက်ဖက်ပြီး ချစ်ဖို့ကောင်းတဲ့ပို့စ်ပေးနည်းလေးပါ။ Freestyle ပုံစံလေးလည်း ဖြစ်ပါတယ်။

ထိုင်ပြီးရိုက်တဲ့အခါမှာ ချစ်ဖို့ကောင်းအောင် ဒီလိုလေးရိုက်ကြည့်ပါ။ ရှုခင်းလှတဲ့နေရာလေးမှာ ရိုက်မယ်ဆိုရင်တော့ Perfect ဖြစ်နေမှာ သေချာပါတယ်။

ဆိုင်မှာထိုင်ရိုက်တဲ့အခါ အသုံးဝင်မယ့် ပို့စ်ပေးနည်းလေးပါ။ မျက်နှာထားကို ပုံထဲကအတိုင်းလေး လုပ်ကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။

ပို့စ်သိပ်မပေးတတ်ရင် ဒီလိုလေးနေပြီးပဲ ရယ်နေလိုက်ပါ။ Simple ဖြစ်ပြီး ချစ်ဖို့ကောင်းတဲ့ ပုံကောင်းလေး ထွက်လာပါလိမ့်မယ်။

စတိုင်လ်ကျကျလေးဝတ်ထားပြီး မျက်မှန်နဲ့ ဒီလိုလေးပို့စ်ပေးကြည့်ပါ။ အထာကျပြီး ချစ်ဖို့ကောင်းတဲ့ပုံစံလေးဖြစ်လို့ လူငယ်ကောင်မလေးတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။

Photo source:www.pinterest.com