ကြိုးတစ်လုံးအင်္ကျီလေးတွေ ဝတ်ရတာကြိုက်တဲ့ ကောင်မလေးတွေအတွက် အမြင်မရိုင်းပဲနဲ့ ချစ်ဖို့ကောင်းစေမယ့် ကြိုးတစ်လုံးနဲ့ အင်္ကျီလက်ပြတ်ဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကြိုးတစ်လုံးအင်္ကျီကိုမှ အောက်နားကားကားလေးတွေ၊ အပွလေးတွေက အမြင်မရိုင်းပဲ ချစ်ဖို့ကောင်းပါတယ်။ အဲ့လိုအင်္ကျီလေးတွေကိုဝတ်မယ်ဆိုရင် Skinny Jeans လေးတွေနဲ့သာတွဲဝတ်ပါ။ ဒေါက်ဖိနပ်လေးစီးရင်တော့ ပိုလှပါတယ်။

ကြိုးတစ်လုံးအင်္ကျီအပွလေးတွေကို ပေါ့ပေါ့ပါးပါးလေးဖြစ်အောင် ဝတ်ချင်ရင်တော့ ဘောင်းဘီအပွလေးတွေနဲ့ တွဲဝတ်လို့ရပါတယ်။ ဒီဖက်ရှင်ကျတော့ နွေရာသီနဲ့ပိုလိုက်ပါတယ်။

ဒီလိုကြိုးတစ်လုံးလေးတွေဝတ်မယ်ဆိုရင်တော့ ခါးနည်းနည်းရှည်တာမျိုလေးကိုရွေးဝတ်ပြီး ချစ်ဖို့ကောင်းတဲ့ ဂျင်းဘောင်းဘီလေးတွေနဲ့ တွဲဝတ်တာက အမြင်မရိုင်းပဲ ချစ်ဖို့ကောင်းစေပါတယ်။

ဒီလိုလက်ပြတ်ဝမ်းဆက်လေးတွေဝတ်တာလည်း အရမ်းချစ်ဖို့ကောင်းပါတယ်။ ရိုးရိုးလေးနဲ့ အမြင်လည်းမရိုင်းသလို၊ ဝတ်ရတာလည်း ပေါ့ပါးမှုရှိစေပါတယ်။

V Shape ပုံစံကြိုးတစ်လုံးအင်္ကျီလေးတွေကို ဘောင်းဘီအပွလေးတွေနဲ့တွဲဝတ်တာလည်း ချစ်ဖို့ကောင်းပါတယ်။ အမြင်လည်းမရိုင်းစေပါဘူး။

ခရီးသွားတဲ့အခါမျိုးမှာဆိုရင် ကြိုးတစ်လုံးအင်္ကျီလေးတွေကို ဘောင်းဘီအပွအရှည်ကြီးတွေနဲ့ တွဲဝတ်ပြီး ဒီလိုဦးထုပ်လေးတွေဆောင်းလိုက်ရင် အရမ်းချစ်ဖို့ကောင်းပြီး ဖက်ရှင်ကျပါတယ်။

ကြိုးတစ်လုံးအင်္ကျီလေးတွေ၊ လက်ပြတ်အင်္ကျီလေးတွေကို အဖြူရောင် ဘောင်းဘီရှည်အပွလေးတွေနဲ့ တွဲဝတ်တာလည်း အမြင်မရိုင်းပဲ ချစ်ဖို့ကောင်းပါတယ်။

photo source:www.pinterest.com