ခြေသည်းပုံဖော်ရင် လူငယ်ဆန်တာမျိုးလေးကိုမှ ပုံဖော်ချင်တယ်၊ လူငယ်ဆန်တာပဲ ကြိုက်တယ်ဆိုတဲ့သူတွေအတွက် ချစ်ဖို့ကောင်းတဲ့ ခြေသည်းဒီဇိုင်းတွေက ဖော်ပြပေးလိုက်ပါတယ်။

ဘိုဆန်တဲ့အရောင်လေးတွေ၊ အသားဆောင်တဲ့ အရောင်လေးတွေကြိုက်ရင် ဒီခြေသည်းနီအရောင်လေးနဲ့ ခြေသည်းဒီဇိုင်းကိုသာ ရွေးချယ်ပါ။ ရှင်းရှင်းလေးနဲ့ အရမ်းလှပြီး cute လည်း ဖြစ်ပါတယ်။

ဒီခြေသည်းဒီဇိုင်းလေးဆိုရင် ဘိုဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ ဒီဇိုင်းလည်းဆန်းတာကြောင့် လူငယ်ကောင်မလေးတွေ ကြိုက်မှာသေချာပါတယ်။

ရောင်စုံဆိုးရတာမျိုးလည်း ကြိုက်တယ်၊ လူငယ်ဆန်တာမျိုးလည်း ကြိုက်တယ်ဆိုရင်တော့ အရောင်နုလေးတွေပဲ ရွေးဆိုးပါ။ ပြီးရင် ဒီခြေသည်းဒီဇိုင်းလေးကို try ကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။

အဝါရောင်ကြိုက်တဲ့ ကောင်မလေးတွေကတော့ ဒီခြေသည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ ချစ်ဖို့ကောင်းပြီး လှလည်းလှပါတယ်။

အရမ်းကလေးဆန်တာမျိုးမကြိုက်ရင် ဒီခြေသည်းဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။ ဘယ်တော့မှရိုးမသွားပဲ ဘိုဆန်တဲ့ ဒီဇိုင်းမျိုးလေးပါ။

ဒီခြေသည်းဒီဇိုင်းလေးဆိုရင် အရမ်းလှပြီး ချစ်ဖို့ကောင်းပါတယ်။ မိန်းကလေးတော်တော်များများ ကြိုက်မယ့်ဒီဇိုင်းလေးပါ။

အမဲရောင်ဆိုးချင်ရင် ဒီခြေသည်းဒီဇိုင်းလေး ပုံဖော်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပြီး ရှားတဲ့ဒီဇိုင်းလေးပါ။

အရောင်ငြိမ်ပြီး ဘိုဆန်တာမျိုးလေးကြိုက်ရင် ဒီခြေသည်းနီအရောင်နဲ့ ဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။ ပုံဖော်ထားတဲ့ဒီဇိုင်းကလည်း ရှင်းရှင်းလေးမို့ simple and cute type ပါပဲ။

အစိမ်းရောင်ကြိုက်တဲ့ ကောင်မလေးတွေကတော့ ဒီခြေသည်းဒီဇိုင်းလေးကို ကြိုက်မယ်လို့ ထင်ပါတယ်။

အစိမ်းရောင်ကိုမှ ဒီလိုအရောင်လေးတွေနဲ့ ဒီလိုပုံစံဒီဇိုင်းလေးလည်း ပုံဖော်လို့ ရပါသေးတယ်။ ဒီခြေသည်းဒီဇိုင်းဆိုရင်လည်း ဒီဇိုင်းဆန်းပြီး လှပါတယ်။

photo source: www.pinterest.com