လူငယ်ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ ချစ်ဖို့ကောင်းတဲ့ ခြေသည်းဒီဇိုင်းလေးတွေကို ရွေးချယ်ပြီးဖော်ပြပေးလိုက်ပါတယ်။ အရောင်နုတာလေးတွေဆိုးရတာကိုကြိုက်တဲ့ ကောင်မလေးတွေဆိုလည်း ဒီခြေသည်းဒီဇိုင်းလေးတွေကို သဘောကျမှာပါ။

Totoro fan လေးတွေဆိုရင်တော့ ဒီခြေသည်းဒီဇိုင်းလေးကို သဘောကျမှာပါ။ လူငယ်ဆန်ပြီး ဒီဇိုင်းဆန်းဆန်းလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒီခြေသည်းဒီဇိုင်းလေးကျတော့ summer တို့ beach တို့နဲ့ လိုက်ဖက်တဲ့ပုံစံလေးပါ။ လူငယ်ဆန်တာကြောင့် လူငယ်ကောင်မလေးတွေနဲ့မှ ပိုပြီးလိုက်ဖက်မှာပါ။

အသားဆောင်တဲ့အရောင်မျိုးလေးဆိုးချင်ရင်တော့ ဒီအရောင်လေးဆိုးပြီး ရိုးရိုးရှင်းရှင်း ဒီလိုပန်းပွင့်သေးသေးလေးပဲ ပုံဖော်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒီဇိုင်းဆန်းပြီးလှတာလေးကြိုက်ရင်တော့ ဒီခြေသည်းဒီဇိုင်းလေးက အရမ်းလှသလို အသားလည်းဆောင်ပါတယ်။

ဒီခြေသည်းဒီဇိုင်းဆိုရင်လည်း အသားဆောင်ပြီး အရမ်းလှပါတယ်။ ဒီဇိုင်းလည်းဆန်းတဲ့အပြင် လူငယ်၊ လူကြီး အားလုံးနဲ့လည်း လိုက်ဖက်တဲ့ဒီဇိုင်းလေးပါ။

အသားအရမ်းဖြူတဲ့ ကောင်မလေးတွေဆိုရင် အဖြူရောင်၊ နို့နှစ်ရောင်လေးတွေဆိုးပြီး ဒီလိုမျိုးလေး ပုံဖော်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒီခြေသည်းဒီဇိုင်းဆိုရင် အိမ်မှာတောင် ကိုယ့်ဘာသာကို ဆိုးလို့ရပါသေးတယ်။ အဓိကကတော့ အရမ်းလှတဲ့ ဒီလိုမျိုး glitter လက်သည်းနီလေးရှိရင် ရပါပြီ။

တချို့လူငယ်ကောင်မလေးတွေကျတော့ ခြေသည်းနီကို အရောင်စုံဆိုးရတာကို သဘောကျပါတယ်။ အရောင်စုံဆိုးတာကလည်း ကိုယ်ဆိုးထားတဲ့အရောင်တွေ လိုက်ဖက်နေမှ လှတာပါ။ မဟုတ်ရင်တော့ ကြောင်တောင်တောင်ကြီး ဖြစ်နေမှာပါ။ ဒါကြောင့် လူငယ်ကောင်မလေးတွေဆိုရင် ဒီအရောင်လေးတွေ ဆိုးကြည့်ပါ။

ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းတဲ့ ဒီခြေသည်းဒီဇိုင်းလေးဆိုရင် အိမ်မှာတောင် ကိုယ့်ဘာသာကို လုပ်လို့ရပါတယ်။

photo source:www.pinterest.com