ခြေသည်းပုံဖော်ချင်ပေမယ့် ခြေသည်းကသိပ်မရှည်ဘူး၊ ခြေသည်းတိုနေတယ်ဆိုတဲ့သူတွေအတွက် ခြေသည်းအရှည်မဟုတ်လည်း ပုံဖော်ရင်ချစ်ဖို့ကောင်းတဲ့ ခြေသည်းဒီဇိုင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ဒီခြေသည်းဒီဇိုင်းလေးဆိုရင် ရှင်းရှင်းလေးနဲ့ လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။ ခြေသည်းမရှည်ရင် ဒါမျိုးလေးတွေနဲ့ အရမ်းလိုက်ပါတယ်။

ပန်းပွင့်ဒီဇိုင်းကြိုက်တယ်ဆိုရင်တော့ ဒီခြေသည်းဒီဇိုင်းက ရှင်းရှင်းလေးနဲ့ လှပါတယ်။

ဒီဇိုင်းပုံဖော်တာတွေ ဘာမှမလုပ်ချင်တဲ့အခါ ဒီလိုလေးဆိုးကြည့်နော်။ ခြေသည်းမရှည်ရင် အရောင်နုနုလေးတွေဆိုးတာနဲ့ ပိုလိုက်ပါတယ်။

ခြေသည်းမရှည်ရင် ဒီလိုဒီဇိုင်းလေးက လူငယ်ဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ နွေရာသီနဲ့လိုက်ဖက်တဲ့ ဒီဇိုင်းလည်းဖြစ်ပါတယ်။

မိုးပြာရောင်လေးဆိုးမယ်ဆိုရင် ဒီခြေသည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

ဒီခြေသည်းဒီဇိုင်းဆိုလည်း ခြေသည်းမရှည်ရင် ပုံဖော်လို့ကောင်းတဲ့ ဒီဇိုင်းလေးပါ။

ခြေသည်းမရှည်ရင် အရောင်နုနုလေးတွေနဲ့ လိုက်ပါတယ်။ ဒီခြေသည်းဒီဇိုင်းဆိုလည်း ခြေမတစ်ချောင်းထဲကိုပဲ ပုံဖော်ထားတာဖြစ်လို့ ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

အဝါရောင်ဆိုးမယ့်ကောင်မလေးတွေအတွက် ဒီဇိုင်းဆန်းပြီး အရမ်းချစ်ဖို့ကောင်းတဲ့ ဒီဇိုင်းလေးပါ။

ဒီခြေသည်းဒီဇိုင်းဆိုရင် ရိုးရှင်းပြီးလွယ်ကူလို့ အိမ်မှာတောင် ကိုယ်တိုင်ပုံဖော်လို့ရတဲ့ ဒီဇိုင်းမျိုးဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာ ဖဲပြားပုံစံဒီဇိုင်းတွေက ခေတ်စားနေတာဆိုတော့ ခြေသည်းမရှည်ရင် ဒီလိုလေးပုံဖော်ကြည့်ပါ။ ခြေမတစ်ချောင်းထဲကို ပုံဖော်ထားတာလေးက အရမ်းလှတဲ့အပြင် အရောင်ကလည်း အသားဆောင်ပြီးငြိမ်တဲ့ အရောင်လေးဖြစ်ပါတယ်။

ဖဲပြားဒီဇိုင်းကိုမှ နောက်တစ်မျိုးပါ။ ဒါကတော့ အမဲရောင်ကြိုက်တဲ့ ကောင်မလေးတွေ ပုံဖော်သင့်တဲ့ ဒီဇိုင်းလေးဖြစ်ပါတယ်။ ချစ်ဖို့လည်းကောင်းသလို လှလည်းလှပါတယ်။