Tattoo ထိုးချင်ပေမယ့် အကြီးကြီးတွေမထိုးချင်ဘူး၊ သေးသေးလေးတွေပဲ ထိုးချင်တယ်ဆိုတဲ့ မိန်းကလေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ tiny tattoo ဒီဇိုင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

စာသားလေးထိုးချင်ရင် ဒီစာသားလေးက ချစ်ဖို့ကောင်းပါတယ်။ သူက smile ကို ပုံဖော်ဆွဲထားတာ ဒီဇိုင်းဆန်းဆန်းလေးဖြစ်နေတာကြောင့် ပိုချစ်ဖို့ကောင်းသွားတာပါ။

ရင်ဘတ်နားမှာ ဒီလိုလေးထိုးရင် လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။ အရမ်းကြီးလည်းထင်းနေတာမျိုးမဟုတ်သလို သေးသေးပိစိလေးလည်း ဖြစ်မနေပါဘူး။

ရင်ဘတ်နားမှာထိုးဖို့ ခုနကဒီဇိုင်းမကြိုက်ရင် ဒီ ဒီဇိုင်းလေးကို try ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပြီး မိုက်လည်းမိုက်ပါတယ်။

Nabi လိပ်ပြာပုံသေးသေးလေးတွေ ထိုးတာက မိန်းကလေးတွေနဲ့ အရမ်းလိုက်ပါတယ်။ ချစ်ဖို့လည်းကောင်းပြီး လူကြိုက်များတဲ့ ဒီဇိုင်းလေးလည်း ဖြစ်ပါတယ်။

Nabi ပုံကို ဒီလို ၂ ဆင့်လေးထိုးမယ်ဆိုရင် ခါးနေရာ၊ ရင်ဘတ်အောင့်နားလေးတွေမှာ ထိုးတာက ပိုမိုက်ပါတယ်။

လခြမ်းပုံလေးတွေကို ဒီလိုဒီဇိုင်းမျိုးလေးတွေထိုးတာကလည်း အရမ်းလှပြီး ချစ်ဖို့ကောင်းပါတယ်။ မိန်းကလေးတွေနဲ့လည်း လိုက်ဖက်တဲ့ဒီဇိုင်းလေးတွေ ဖြစ်ပါတယ်။

ဒီ tattoo ဒီဇိုင်းလေးဆိုရင် သေးသေးလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။ မိန်းကလေးတွေအပြင် ယောင်္ကျားလေးတွေနဲ့ပါ လိုက်ဖက်တဲ့ဒီဇိုင်းလေးပါ။

တကယ့်ကို tiny tattoo ပိစိလေးထိုးချင်တာဆိုရင် ဒီအသည်းပုံစံလေး ထိုးကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

နားနောက်မှာ ကိုယ်ထိုးချင်တဲ့ နာမည်၊ စာသားတစ်ခုခုကို သေးသေးလေးထိုးကြည့်ပါ။ အထာကျပြီးမိုက်သလို ချစ်ဖို့လည်းကောင်းပါတယ်။

ခြေထောက်မှာထိုးချင်ရင် ဒီလို tattoo ဒီဇိုင်းလေးထိုးတာကလည်း ချစ်ဖို့ကောင်းပါတယ်။

ခြေထောက်မှာ ကိုယ်ချစ်တဲ့အကောင်လေးတွေပုံကိုလည်း သေးသေးထိုးလို့ရပါသေးတယ်။ သေးသေးပိစိလေးဖြစ်လေ ချစ်ဖို့ကောင်းလေပါပဲ။

ရင်ဘတ်အောက်နားမှာပဲဖြစ်ဖြစ်၊ ခါးမှာပဲဖြစ်ဖြစ် ဒီလို tattoo လေးတွေထိုးတာကတော့ အထာကျပြီး မိုက်ပါတယ်။ သေးသေးလေးတွေဆိုရင်တော့ cute လည်းဖြစ်ပါတယ်။

Photo source:www.pinterest.com