Tattoo ထိုးချင်တဲ့ မိန်းကလေးတွေအတွက် ဒီတစ်ခါမှာတော့ လက်ချောင်းလေးတွေမှာထိုးဖို့ ချစ်ဖို့ကောင်းတဲ့ Tiny Tattoo ဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။
Tattoo ကို သေးသေးလေးတွေ အများကြီးထိုးချင်တာဆိုရင် လက်ချောင်းမှာ ဒီလိုလေးတွေ ထိုးကြည့်ပါ။ မိုက်လည်းမိုက်ပါတယ်။
Tattoo တော့ထိုးချင်တယ် မသိသာအောင် သေးသေးလေးပဲ ထိုးမယ်ဆိုရင် ဒီလိုလေယာဉ်ပျံပုံလေး ထိုးတာလည်း ချစ်ဖို့ကောင်းပါတယ်။
လက်ချောင်းမှာ ဒီလိုသေးသေးလေးတွေကို အစုလိုက်ထိုးတာမျိုးက ချစ်ဖို့ကောင်းသလို မိုက်လည်းမိုက်ပါတယ်။
အသည်းပုံလေးထိုးမယ်ဆိုရင် လက်ချောင်းမှာ ဒီလိုလေးထိုးကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။ ကာလာနဲ့ထိုးမယ်ဆို တခြားအရောင်ထက် အနီလေးကပိုလှပါတယ်။
ဒီ Tattoo ဒီဇိုင်းကတော့ အရမ်းလည်းမသေးပဲ ချစ်ဖို့ကောင်းတာထက် မိုက်တဲ့ဒီဇိုင်းလေးပါ။ အရမ်း Cute Type ဖြစ်တာမကြိုက်ရင် ဒါမျိုးလေးထိုးလို့ရပါတယ်။
မိန်းကလေးဆန်ဆန်နဲ့ ဆွဲဆောင်မှုရှိပြီး ချစ်ဖို့ကောင်းတဲ့ ဒီဇိုင်းလေးပါ။ လိပ်ပြာနဲ့ နှင်းဆီပန်းဆိုတော့ လိုက်ဖက်နေတာပါပဲ။
ကာလာလေးတွေနဲ့ ထိုးထားတာဖြစ်လို့ မိန်းကလေးတွေနဲ့ အရမ်းလိုက်ဖက်ပြီး ချစ်ဖို့ကောင်းပါတယ်။
လက်ချောင်းဘေးမှာ ကာလာနဲ့ စာသားထိုးတာမျိုးကလည်း ချစ်ဖို့ကောင်းတဲ့ ဒီဇိုင်းလေးပါပဲ။
ဒီလိုဒီဇိုင်းလေးဆိုရင် တော်တော်များများက လက်ချောင်းအပေါ်မှာ ထိုးကြတာများပါတယ်။ သူများနဲ့မတူချင်ရင် ဒီလိုဘေးမှာထိုးကြည့်ပါ။
လုံးဝကို ပိစိသေးသေးလေးပဲ ထိုးချင်တဲ့သူတွေအတွက် အရမ်းချစ်ဖို့ကောင်းတဲ့ Smile ပုံလေးပါ။ Tattoo ထိုးထားမှန်းတောင် သိပ်မသိသာစေမယ့် ဒီဇိုင်းလေးပါ။
ကိုယ်ကြိုက်တဲ့ ကိုရီးယားမင်းသား Idols တွေရဲ့ နာမည်တွေ၊ ကိုယ်ရေးချင်တဲ့ စာသားတွေကို ကိုရီးယားလိုလေး ထိုးတာမျိုးကလည်း ချစ်ဖို့ကောင်းပါတယ်။
Photo source:www.pinterest.com