လူကောင်သေးသေးလေးတွေက နားကပ်ဝတ်တဲ့အခါမှာ ပြူးပြဲနေတာတွေထက်စာရင် သေးတဲ့ဒီဇိုင်းလေးတွေနဲ့ ပိုပြီးလိုက်ဖက်ပါတယ်။ ဒါကြောင့် လူကောင်သေးတဲ့ မိန်းကလေးတွေအတွက် သေးသေးလေးနဲ့ ချစ်ဖို့ကောင်းတဲ့ နားကပ်ဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်တိုင် ဒီဇိုင်းအပ်ပြီး လုပ်ချင်တဲ့အခါမှာဆိုရင် ဒီလိုဒီဇိုင်းလေးတွေက အသုံးဝင်ပါတယ်။

ဒီနားကပ်ဒီဇိုင်းလေးဆိုရင် ရွှေအစစ်နဲ့လုပ်ရင် လှပါတယ်။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

ဒီနားကပ်လေးဆိုရင် ဒီဇိုင်းတစ်မျိုးဆန်းပြီး လူငယ်ဆန်သလို၊ fancy လည်းဆန်တာကြောင့် ချစ်ဖို့ကောင်းပါတယ်။ လူကောင်သေးသေးလေးတွေနဲ့လည်း အရမ်းမသေးပဲ လိုက်ဖက်နေမှာပါ။

စိန်နဲ့ပဲလုပ်လုပ်၊ ကျောက်နဲ့ပဲလုပ်လုပ် လှပနေမယ့် ဒီဇိုင်းလေးပါ။ ဘယ်တော့မှရိုးမသွားပဲ ဒီဇိုင်းလည်းဆန်းပါတယ်။ ကလေးလည်းမဆန်တဲ့ ဒီဇိုင်းလေးပါ။

ရွှေနဲ့လုပ်ပြီးဝတ်ရင် အရမ်းချစ်ဖို့ကောင်းတဲ့ ဒီဇိုင်းလေးပါ။ သေးသေးလေးဖြစ်လို့ လူကောင်သေးတဲ့ မိန်းကလေးတွေနဲ့ဆို အရမ်းလိုက်ပါတယ်။

ဒီအသည်းပုံဒီဇိုင်းလေးဆိုရင် fancy တွေပဲများတာပါ။ ရွှေနဲ့လုပ်ရင် ဒီဇိုင်းဆန်းပြီး ချစ်ဖို့ကောင်းနေမှာ သေချာပါတယ်။

လူငယ်လည်းဖြစ်တယ်၊ လူကောင်လေးလည်းသေးတယ်၊ fancy ဆန်ပြီး ဒီဇိုင်းဆန်းတာလေးလည်း လိုချင်တယ်ဆိုရင်တော့ ဒီနားကပ်ဒီဇိုင်းလေးကို ရွေးချယ်သင့်ပါတယ်။

ဒီလိုပိစိသေးသေး ဒီဇိုင်းလေးတွေက လူကောင်သေးတဲ့ မိန်းကလေးတွေနဲ့ဆို အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒီနားကပ်ဒီဇိုင်လေးဆိုရင် ဒီဇိုင်းနည်းနည်းဆန်းပါတယ်။ နားမှာကပ်ကပ်လေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။ လူကောင်သေးသေးလေးတွေနဲ့ဆို ပိုပြီးလိုက်ပါတယ်။

ဒီနားကပ်ဒီဇိုင်းလေးက ရိုးရိုးလေးနဲ့ထည်ပြီး အရမ်းလှပါတယ်။ လူကြီးလူငယ် အားလုံးနဲ့လိုက်ဖက်ပေမယ့် လူကောင်သေးရင် ဒီလိုဆိုဒ်အသေးလေးတွေကို ရွေးချယ်ပါ။

ဒီနားကပ်ဒီဇိုင်းလေးကျတော့ သေးပေမယ့် ပေါ်လွင်စေပါတယ်။ ဒီဇိုင်းကလည်း မရိုးပဲလှတာကြောင့် မိန်းကလေးတိုင်းနဲ့ လိုက်ဖက်ပါတယ်။

လူကောင်သေးပေမယ့် ထင်းနေတာမျိုးလေးပဲ ကြိုက်တယ်ဆိုရင်တော့ ဒီလိုဒီဇိုင်း နည်းနည်းဆန်းတာလေးတွေကို ရွေးချယ်ကြည့်ပါ။

Photo source:www.pinterest.com