ဆံပင်အရမ်းလည်းမတိုသလို၊ အရမ်းလည်းမရှည်တဲ့ Medium Hair ကို ပိုင်ဆိုင်ထားတဲ့ ကောင်မလေးတွေအတွက် ထိုင်းမလေးတွေရဲ့ ချစ်ဖို့ကောင်းတဲ့ ဆံပင်ပြင်ဆင်ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ပူပြင်းတဲ့အချိန်တွေမှာဆိုလည်း ဒီဆံပင်ပြင်ဆင်ပုံလေးတွေက အဆင်ပြေစေပါတယ်။

ဒီဆံပင်ပုံစံလေးဆိုရင် ပူပြင်းတဲ့အချိန်မှာ တော်တော်အဆင်ပြေပါတယ်။ ဘယ်လိုဖက်ရှင်မျိုးနဲ့မဆိုလည်း လိုက်ဖက်တဲ့ ဆံပင်ပုံစံလေးပါ။

ဒီဆံပင်ပုံစံလေးဆိုလည်း ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်ပါတယ်။ ဆံပင်ချထားရတာပဲကြိုက်တယ်ဆိုရင် ဒီလိုပုံစံလေး Try ကြည့်သင့်ပါတယ်။

နှစ်ဖက်ခွဲပြီး ကျစ်ဆံမြီးကျစ်တာမျိုးကျတော့ ဖက်ရှင်တိုင်းနဲ့ မလိုက်ဖက်ပါဘူး။ ဒီလိုလေးစည်းတာကျတော့ Cute Type လေးနဲ့လည်း လိုက်သလို၊ ခပ်မိုက်မိုက်ဖက်ရှင်လေးတွေနဲ့လည်း လိုက်ဖက်ပါတယ်။

ပူပြင်းတဲ့အချိန်မှာ ကျစ်ဆံမြီးလေး နှစ်ဖက်ခွဲကျစ်ပြီး ဒီလိုလေးပြန်လိပ်တင်ထားတာမျိုးလေးက မျက်နှာရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

ဒီပုံစံလေးကတော့ ထိုင်းမလေးတွေပြင်နေကျ ဆံပင်ပုံစံလေးပါ။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းစေတဲ့ ပုံစံလေးကို ကြိုက်ရင်တော့ ဒီလိုလေးလုပ်ကြည့်ပါ။

Source: www.mininuiizz