ဓာတ်ပုံရိုက်ရတာကို ဝါသနာပါပေမယ့် ပို့စ်မပေးတတ်ဘူးဖြစ်နေတဲ့ ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ ထိုင်းမင်းသမီးလေး Pattranite ရဲ့ ပို့စ်ပေးနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ လုပ်ရတာလွယ်ကူပြီး ချစ်ဖို့လည်းကောင်းတဲ့ ပို့စ်ပေးနည်းတွေဖြစ်တာကြောင့် လိုက်လုပ်လို့ အဆင်ပြေမှာပါ။

Portrait ရိုက်တဲ့အခါ လက်ကိုဘယ်နားထားရမှန်းမသိရင် Pattranite လို ပါးလေးကိုကိုင်ပြီး ပို့စ်ပေးကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒီလိုဆံပင်လေးသပ်ပြီး ပြုံးနေတဲ့ပုံလေးလည်း ရိုက်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပြီး လုပ်ရတာလည်း အရမ်းလွယ်တဲ့ပို့စ် ဖြစ်ပါတယ်။

Pattranite လို ကိုယ်လွယ်ထားတဲ့အိတ်လေးကိုကိုင်ပြီး ဘေးတစ်စောင်းလှည့်ရယ်နေတဲ့ပုံလေး ရိုက်ကြည့်ပါ။ ဒီလိုပုံလေးတွေက portrait ရိုက်ရင် ပိုပြီးလှပါတယ်။

ထိုင်ပြီးရိုက်တဲ့အခါမှာ သေချာထိုင်ပြီးပို့စ်မပေးတတ်ရင် ကြည့်ရဆိုးစေပါတယ်။ ဒါကြောင့် ထိုင်ရိုက်မယ်ဆိုရင် Pattranite ထိုင်နေသလိုမျိုးလေးထိုင်ပြီး ပို့စ်ပေးကြည့်ပါ။

ဆောင့်ကြောင့်ထိုင်ပြီး ဒီလိုလေးလှည့်ကြည့်နေတဲ့ပုံစံမျိုးလည်း ရိုက်ကြည့်ပါ။ တစ်မျိုးလေးဆန်းပြီး ချစ်ဖို့ကောင်းစေပါတယ်။

ကော်ဖီဆိုင်တွေမှာရိုက်ရင် Pattranite ထိုင်နေသလိုမျိုးလေးထိုင်ပြီး ပို့စ်ပေးကြည့်ပါ။ ပုံထွက်အရမ်းလှပါတယ်။

ဓာတ်ပုံတစ်ခါရိုက်ရင် လက်ဘယ်နားထားရမှန်းမသိတာမျိုး ခဏခဏဖြစ်ကြမှာပါ။ လက်ဘယ်နားထားရမှန်းမသိရင် Pattranite လိုမျိုးလေးထားပြီး ပို့စ်ပေးကြည့်ပါ။

ပို့စ်ပေးဖို့စဉ်းစားရခက်နေရင် ဆံပင်စည်းနေတဲ့ပို့စ်လေးတွေ လုပ်ကြည့်ပါ။ မိန်းကလေးတွေ ဆံပင်စည်းနေတဲ့ပုံစံလေးရိုက်ရင် အရမ်းလှပါတယ်။

ဒီလိုမျိုးလေးထိုင်ပြီးရိုက်တာကလည်း ပုံစံတစ်မျိုးဆန်းသွားစေပါတယ်။ ဓာတ်ပုံခဏခဏ ရိုက်တတ်တဲ့သူတွေအတွက်တော့ အသုံးဝင်စေမယ့်ပို့စ်လေး ဖြစ်မှာပါ။

Pattranite ထိုင်နေသလိုမျိုးလေးထိုင်ပြီး ရိုက်တဲ့သူက အောက်ကနေ နည်းနည်းပင့်ရိုက်ကြည့်ပါ။ ချစ်ဖို့ကောင်းတဲ့ပုံလေး ထွက်လာပါလိမ့်မယ်။

ဂစ်တာတစ်လက်ရှိရင် Pattranite လိုလေး ပို့စ်ပေးရိုက်ကြည့်ပါ။ ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

Photo source:www.pinterest.com