မင်္ဂလာပါနော်။ ထိုင်းတရုတ်ကပြားသူလေးဖြစ်တဲ့ Jane Ramida ကတော့ ထိုင်းနိုင်ငံ နာမည်ကြီး GMMTV အနုပညာကုမ္ပဏီကရိုက်ကူးတဲ့ ဇာတ်လမ်းတွဲတွေက တစ်ဆင့် လူသိများလာတဲ့ လူငယ်မင်းသမီးတစ်လက်ပါ။ ၂၀၁၅ ခုနှစ်မှာ အနုပညာလောကထဲဝင်ရောက်ခဲ့ပြီး သူမပါဝင်ခဲ့တဲ့ “The Gifted” ၊ “Teenage Mom”၊ “Angel Beside Me” စတဲ့ ဇာတ်လမ်းတွဲတွေကတစ်ဆင့် ပရိသတ်တွေက သတိထားမိလာခဲ့ပါတယ်။


နာမည်အရင်းက Jane Ramida Jiranorraphat ဖြစ်ပြီး နာမည်ပြောင် Jane အဖြစ် လူသိများပါတယ်။ Jane ဟာ ၁၉၉၉ ခုနှစ် ဇွန်လမှာမွေးခဲ့သူမို့ အသက် ၂၄ နှစ်ရှိပါပြီ။ ငယ်စဉ်ကတည်းက အဆိုပိုင်းကို ဝါသနာပါပြီး Idol ဖြစ်ချင်ခဲ့သူမို့ မင်းသမီးအနေနဲ့ ပွဲဦးမထွက်ခင် ကိုးရီးယားနာမည်ကြီး Entertainment တွေမှာ ဝင်ခွင့်ပြိုင်ပွဲတွေ ယှဉ်ပြိုင်ခဲ့ဖူးသူပါ။ လက်ရှိမှာတော့ “SIZZY” လို့ခေါ်တဲ့ မိန်းကလေးလေးဦးပါဝင်တဲ့ ထိုင်းအဆိုတော်အဖွဲ့မှာပါဝင်ပြီး သီချင်း Album တွေ ထွက်ရှိထားပါတယ်။


လူကောင်သေးသေးလေးနဲ့လိုက်အောင် သွက်သွက်လက်လက်နေတတ်တဲ့သူမကတော့ ဖက်ရှင်ပိုင်းမှာလည်း အမြဲစတိုင်ကျနေအောင် ဝတ်စားတတ်သူတစ်ယောက်ပါ။ Instagram မှာ ပုံလှလှလေးတွေအမြဲ တင်ပေးတတ်ပြီး Followers ပေါင်း ၂ သန်းကျော်အထိ ပိုင်ဆိုင်ထားသူဆိုရင်လည်း မမှားပါဘူး။


Kpop Idol တစ်ယောက်လို Vibe မျိုးနဲ့ ကိုးရီးယားစတိုင်ဖက်ရှင်လေးတွေ ဝတ်တတ်တဲ့သူမို့ သူမဝတ်တဲ့ Outfit စတိုင်လေးတွေက အခုခေတ်လူငယ်ကောင်မလေးတွေအကြိုက်နဲ့ ကွက်တိပါပဲ။

ဒါကြောင့် စိတ်ဝင်စားတဲ့သူတွေအတွက် Jane ရဲ့ ခေတ်ဆန်ပြီး ချစ်စရာကောင်းတဲ့ ဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar