အခုနောက်ပိုင်းမှာ Tennis skirt လေးတွေဝတ်တာက အရမ်းကိုခေတ်စားလာပါတယ်။ အထူးသဖြင့် လူငယ်ကောင်မလေးတွေ ပိုဝတ်ကြတာများပါတယ်။ ဒါကြောင့် Tennis skirt လေးတွေကို ချစ်ဖို့ကောင်းအောင် အမျိုးမျိုးတွဲဖက်ဝတ်ဆင်နိုင်မယ့် ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်။
ကိုရီးယားဆန်ဆန်လေးဝတ်ချင်ရင် Tennis skirt ကို အရောင်လေးတွေဝတ်ပါ။ ပြီးရင် ဒီလိုရှပ်အင်္ကျီလေးတွေနဲ့ တွဲဝတ်ကြည့်ပါ။
မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းတဲ့ပုံစံလေးကြိုက်ရင်တော့ Tennis skirt ကို ဒီလိုချစ်ဖို့ကောင်းတဲ့ အင်္ကျီလေးတွေနဲ့သာ တွဲဝတ်ပါ။
ပေါ့ပေါ့ပါးပါးလေးပဲဝတ်ချင်ရင်တော့ Tennis skirt တွေကို တီရှပ်အပွလေးတွေနဲ့သာ တွဲဝတ်ပါ။
Tennis skirt အကွက်လေးတွေဝတ်မယ်ဆိုရင်တော့ ဒီလိုကိုယ်ကျပ်အင်္ကျီလေးတွေနဲ့ တွဲဝတ်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။
အခုနောက်ပိုင်းမှာကျတော့ Tennis skirt အဖြူလေးတွေကို ဒီလို Hoodie တွေနဲ့ တွဲဝတ်တာမျိုး အရမ်းခေတ်စားလာပါတယ်။
Tennis skirt အဖြူလေးတွေကို အဖြူရောင်ရှပ်အင်္ကျီလေးတွေနဲ့တွဲဝတ်ပြီး အပေါ်ကနေ ဒီလို လက်ပြတ် top လေးတွေထပ်ဝတ်တာမျိုးကလည်း နောက်ပိုင်းမှာ အရမ်းကိုပေါ်ပြူလာဖြစ်နေတဲ့ ဖက်ရှင်လေးပါပဲ။
Tennis skirt ကို ချစ်ဖို့ကောင်းအောင်မဝတ်ပဲ အထာကျကျလေးဝတ်ချင်ရင်တော့ ဒီလိုလေးသာဝတ်ကြည့်ပါ။
နောက်ပိုင်းမှာ cardigan လေးတွေကလည်း အရမ်းခေတ်စားလာတာကြောင့် Tennis skirt လေးတွေနဲ့ ဒီလိုတွဲဝတ်လို့ရပါတယ်။
photo source:www.pinterest.com