လူငယ်ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ ပူပြင်းတဲ့နွေရာသီမှာ ဝတ်ဆင်ဖို့ ချစ်ဖို့ကောင်းတဲ့ Summer Short Pant ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်။ ရိုးရှင်းပြီး ချစ်ဖို့ကောင်းတဲ့ ဖက်ရှင်လေးတွေဖြစ်တာကြောင့် ထသွားထလာ ဝတ်ဆင်ဖို့အတွက် ကွက်တိပါပဲ။

ဒီလိုချစ်ဖို့ကောင်းတဲ့ ချည်သားအင်္ကျီလေးကို Jean Short Pant လေးနဲ့ တွဲဝတ်တာက ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားပဲ ချစ်ဖို့ကောင်းနေမှာဖြစ်သလို ဝတ်ရတာလည်း ပေါ့ပါးမှုရှိစေပါတယ်။

ဒီဖက်ရှင်လေးဆိုရင်လည်း ကြည့်လိုက်တာနဲ့ကို အေးပြီး ဝတ်ရတာ သက်တောင့်သက်သာဖြစ်စေမှန်း သိသာပါတယ်။ နွေရာသီနဲ့လည်း အဆင်အပြေဆုံးပါပဲ။

Jean Short Pant အပွကို ဒီလိုလက်ပြတ်အင်္ကျီလေးတွေနဲ့ တွဲဝတ်တာမျိုးကလည်း နွေရာသီနဲ့ ကမ်းခြေသွားတဲ့အခါတွေမှာ ဝတ်ဖို့အတွက် အလိုက်ဖက်ဆုံးပါပဲ။

အဖြူရောင် Jean Short Pant လေးတွေကို ဒီလိုအရောင်နုနု ချစ်ဖို့ကောင်းတဲ့ ချည်သားအင်္ကျီလေးတွေနဲ့ တွဲဝတ်တာက သက်တောင့်သက်သာဖြစ်ပြီး ချစ်ဖို့လည်းကောင်းပါတယ်။

Jean Short Pant လေးကို T Shirt အပွနဲ့ တွဲဝတ်တာကတော့ သက်တောင့်သက်သာ အဖြစ်ဆုံး၊ နွေရာသီနဲ့လည်း အရမ်းလိုက်ဖက်တဲ့ ဖက်ရှင်လေးပါ။

ဒီလို Pant လေးတွေနဲ့လည်း တွဲဝတ်လို့ရပါသေးတယ်။ ချစ်ဖို့ကောင်းတဲ့ ဖက်ရှင်လေးတွေပါ။

Jean Short Pant ကို Body Fit Top ဒီလိုလက်တိုလေးတွေနဲ့ တွဲဝတ်တာက Simple ဖြစ်ပြီး လှတဲ့ဖက်ရှင်လေးပါ။

ပွပွပဲဝတ်ချင်တယ်၊ သက်တောင့်သက်သာဖြစ်ပြီး နွေရာသီမှာ အေးနေတာမျိုးလေးပဲ ဝတ်ချင်တယ်ဆိုရင်တော့ ဒီလိုဖက်ရှင်လေးကိုသာ ဝတ်ကြည့်ပါ။

လက်ပြတ် Tee Crop Top လေးတွေကိုဝတ်မယ်ဆိုရင်တော့ Jean Short Pant နဲ့ တွဲဝတ်တာက အလိုက်ဖက်ဆုံးနဲ့ ချစ်ဖို့အကောင်းဆုံးပါပဲ။

Jean Short Pant ကို ကြိုးတစ်လုံးလေးနဲ့ တွဲဝတ်တာကလည်း နွေရာသီအတွက် ဝတ်ရတာပေါ့ပါးပြီး အေးနေစေမယ့် ဖက်ရှင်လေးပါ။

Photo source:www.pinterest.com