Stitch ကြိုက်တဲ့ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ Stitch လက်သည်းဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။ တစ်ခါတစ်လကျရင် ကိုယ်ကြိုက်တဲ့အရာလေးတွေကို ပုံဖော်ရတာကလည်း ပျော်ရွှင်မှုတစ်ခုပါပဲ။
ဒီလက်သည်းဒီဇိုင်းဆိုရင် ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။ ဒါ့အပြင် လက်သည်းအတိုအရှည် အားလုံးနဲ့လည်း လိုက်ဖက်ပါတယ်။
ဒီ Stitch ဒီဇိုင်းလေးကျတော့ လက်သည်းအချွန်လေးတွေနဲ့ ပိုလိုက်ပါတယ်။ အရောင်နဲ့ဒီဇိုင်းက Stitch ကြိုက်တဲ့သူတွေ သေချာပေါက်သဘောကျမှာပါ။
ဒါကတော့ ပန်းရောင်နဲ့စပ်ထားတာဖြစ်လို့ လှလည်းလှသလို ချစ်ဖို့လည်း ကောင်းပါတယ်။
အဖြူပေါ်မှာ ပုံဖော်ထားတာဖြစ်လို့ ကြည့်လိုက်တာနဲ့ ထင်းနေမှာပါ။ လက်သည်းအတိုအရှည် အားလုံးနဲ့လိုက်ဖက်သလို လက်သည်း Shape တိုင်းနဲ့လည်း လိုက်ဖက်ပါတယ်။
လက်သည်းအရှည်အချွန်ထားတဲ့သူဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ Stitch ရုပ်လေး အကြီးကြီးဖြစ်အောင် ပုံဖော်ထားတာက အရမ်းလှပါတယ်။
Stitch ဒီဇိုင်းပုံဖော်ရင် အဖြူတွေ အပြာတွေပဲ ပုံဖော်နေရတာရိုးတယ်ထင်ရင် အဝါရောင်လေးနဲ့ ဒီလိုပုံဖော်ကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။
ထင်းနေတာမျိုးလေးကြိုက်ရင် Stitch ကို ဒီလိုဒီဇိုင်းလေးနဲ့လည်း ပုံဖော်လို့ရပါသေးတယ်။
အမြင်တစ်မျိုးဆန်းပြီး ချစ်ဖို့ကောင်းနေမယ့် နောက်ထပ် Stitch ဒီဇိုင်းလေးပါ။
ဒီ Stitch ဒီဇိုင်းလေးက အရမ်းချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။ အရောင်လေးကတော့ အသက်ပါပဲ။
ပန်းရောင်လေးကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းကိုသာ ပုံဖော်ကြည့်ပါ။ ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။
Photo source: www.pinterest.com