Snoopy ချစ်တဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ လက်သည်းပုံဖော်တဲ့အခါ ကိုယ်ချစ်တဲ့အရာလေးတွေကို ပုံဖော်လို့ရအောင် Snoopy လက်သည်းဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။ အကုန်လုံး အရမ်းချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းလေးတွေ ဖြစ်တာကြောင့် သဘောကျမှာသေချာပါတယ်။

Snoopy လည်းချစ်တယ်၊ ခရမ်းရောင်လေးလည်း ကြိုက်တယ်ဆိုရင် နှစ်ခါစဉ်းစားမနေတော့ပဲ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ပုံဖော်လိုက်ပါ။

ဒါကတော့ အဝါရောင်ကြိုက်တဲ့ ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ Snoopy လက်သည်းဒီဇိုင်းလေးပဲ ဖြစ်ပါတယ်။

Snoopy ချစ်တဲ့ကောင်မလေးတွေနဲ့ အဝါရောင်ကြိုက်တဲ့ သူတွေအတွက် နောက်ထပ် အရမ်းချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းလေးပါ။

အပြင်တစ်မျိုးဆန်းပြီး ချစ်ဖို့ကောင်းတဲ့ Snoopy လက်သည်းဒီဇိုင်းလေးပါ။

လက်သည်းနီအရောင် ရွေးရခက်နေရင် ဒီလက်သည်းဒီဇိုင်းလေးကိုသာ ပုံဖော်လိုက်ပါ။

အဖြူရောင်လေးဆိုးချင်တဲ့ ကောင်မလေးတွေ ရွေးချယ်သင့်တဲ့ Snoopy လက်သည်းဒီဇိုင်းလေးပါ။ လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

ဘိုဆန်တဲ့အရောင်လေးတွေကို ဆိုးထားတာဖြစ်ပြီး Snoopy ကိုလည်း လက်မမှာပဲ ပုံဖော်ထားတာဖြစ်တဲ့အတွက် ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

အပြာရောင်ကြိုက်တဲ့ ကောင်မလေးတွေအတွက် ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းတဲ့ Snoopy လက်သည်းဒီဇိုင်းလေးပါ။

အရောင်စုံဆိုးချင်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးက လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းတယ်နော်။

လူငယ်ဆန်တဲ့အရောင်လေးတွေနဲ့ ချစ်ဖို့ကောင်းနေစေမယ့် Snoopy လက်သည်းဒီဇိုင်းလေးပဲ ဖြစ်ပါတယ်။

အရောင်လေးက အရမ်းချစ်ဖို့ကောင်းတဲ့အပြင် Snoopy ကို တစ်ကိုယ်လုံးပေါ်အောင် ပုံဖော်ထားတဲ့ လက်သည်းဒီဇိုင်းလေးဖြစ်လို့ Snoopy Lover တွေတော့ ကြိုက်မှာသေချာပါတယ်။

Photo source:www.pinterest.com