လက်သည်းပုံဖော်တဲ့အခါမှာ ချစ်ဖို့ကောင်းတာမျိုးတွေ ပုံဖော်ချင်တဲ့ ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းပြီး ဒီဇိုင်းလည်းဆန်းတဲ့ Smile ပုံလက်သည်းဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။ လူငယ်ကောင်မလေးတွေနဲ့ ပိုပြီးလိုက်ဖက်တဲ့ ဒီဇိုင်းလေးတွေလည်း ဖြစ်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အဖြူနဲ့အနက်နဲ့ အကြည်ရောင်လေးနဲ့မှာ ပုံဖော်ထားတာ ရှင်းရှင်းလေးနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ Smile ပုံလက်သည်းဒီဇိုင်းလေးပါ။

လင်းတာမျိုး ကြိုက်ရင်တော့ ဒီ Smile ပုံလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်နော်။ အရောင်လေးတွေကအစ ချစ်ဖို့ကောင်းပါတယ်။

အဖြူနဲ့အနက်ကိုမှ ကာလာလေးတွေစပ်ပြီး ပုံဖော်ထားတဲ့ Smile ပုံ လက်သည်းဒီဇိုင်းလေးပါ။ ချစ်ဖို့ကောင်းပြီး လှလည်းလှပါတယ်။

ဒီဇိုင်းဆန်းပြီး ချစ်ဖို့ကောင်းတဲ့ နောက်ထပ် Smile ပုံ လက်သည်းဒီဇိုင်းလေးပါ။

အကြည်ပေါ်မှာ ပုံဖော်ထားတာဆိုတော့ ရှင်းရှင်းလေးနဲ့ အမြင်တစ်မျိုးဆန်းပြီး ချစ်ဖို့ကောင်းတယ်နော်။

အရောင်ဆန်းတာလေး၊ ဒီဇိုင်းဆန်းတာလေး ကြိုက်တယ်ဆိုရင်တော့ ဒီ Smile ပုံလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်နော်။ အရမ်းချစ်ဖို့ကောင်းပြီး လှလည်းလှပါတယ်။

အရောင်စုံလေးနဲ့ ချစ်ဖို့ကောင်းတဲ့ Smile ပုံ လက်သည်းဒီဇိုင်းလေးပါ။ အရောင်စုံကိုမှ နုနုလေးတွေချည်းပဲဆိုတော့ ပိုပြီးလူငယ်ဆန်ဆန်နဲ့ ချစ်ဖို့ကောင်းတာပေါ့။

နောက်ထပ်ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းတဲ့ Smile ပုံ လက်သည်းဒီဇိုင်းလေးပါ။

ဘိုဆန်တဲ့အရောင်လေးနဲ့ ဒီဇိုင်းစုံတဲ့ လက်သည်းဒီဇိုင်းလေးပါ။ ဒါလည်း အရမ်းချစ်ဖို့ကောင်းတယ်နော်။

လက်သည်းအရှည်ကိုမှ အချွန်လေးထားတယ်ဆိုရင်တော့ ဒီ Smile ပုံ လက်သည်းဒီဇိုင်းလေးကို ပုံဖော်ဖြစ်အောင် ဖော်ကြည့်နော်။ အရမ်းချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

Photo source:www.pinterest.com