ဓာတ်ပုံရိုက်တဲ့အခါမှာ ပြုံးရယ်နေတာက အလှဆုံးပါပဲ။ ပို့စ်သိပ်မလုပ်တတ်ရင် ကင်မရာကြည့်ပြီးသာ ပြုံးရယ်နေလိုက်ပါ။ ပို့စ်ပေးတတ်တဲ့သူတွေကတော့ တစ်ခါရိုက်တိုင်း ပို့စ်မထပ်အောင် ပြုံးရယ်ပြီး ဓာတ်ပုံရိုက်တဲ့အခါမှာ ချစ်ဖို့ကောင်းနေစေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

ဒီပို့စ်လေးဆိုရင် ကလေးဆန်ပြီး အရမ်းချစ်ဖို့ကောင်းလို့ လူငယ်ကောင်မလေးတွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။

အားရပါးရရယ်ပြီး ဒီလိုလေးသာ ပို့စ်ပေးကြည့်ပါ။ အရမ်းလှပြီး ချစ်ဖို့လည်းကောင်းပါတယ်။

လှလှလေးခြေထောက်ချိတ်ထိုင်ပြီး ဒီလိုလေးပို့စ်ပေးကာ အောက်ငုံ့ရယ်နေလိုက်ပါ။ အရမ်းလှပြီး ချစ်ဖို့ကောင်းတဲ့ ပုံကောင်းလေး ထွက်လာပါလိမ့်မယ်။

အမှတ်တရပုံလေးတွေ၊ အမှတ်တရနေရာလေးတွေမှာ ဓာတ်ပုံရိုက်မယ်ဆိုရင် ဒီလိုပို့စ်လေးတွေနဲ့ ရယ်နေတာက ချစ်ဖို့ကောင်းပါတယ်။

ဒီပို့စ်လေးဆိုရင် မိုက်လည်းမိုက်သလို၊ ချစ်ဖို့လည်းကောင်းပါတယ်။ မရယ်ပဲနဲ့ ပြုံးပြီးနေပါ။

ဒီပို့စ်လေးဆိုရင် နောက်ကျောအလှအင်္ကျီလေးတွေ ဝတ်ထားတဲ့အခါမှာ ရိုက်ဖြစ်အောင်ရိုက်သင့်တဲ့ ပို့စ်မျိုးဖြစ်ပါတယ်။

ဒီပို့စ်လေးကလည်း လူငယ်ဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။

ရယ်တာလှရင် ရယ်ပြီးသာ ပို့စ်အမျိုးမျိုးလုပ်ပါ။ အလှဆုံးပါဖြစ်နေပါလိမ့်မယ်။

ဒီပုံလေးရိုက်မယ်ဆိုရင် freestyle ပုံစံလေးနဲ့ ရယ်ပြုံးပြီးရိုက်ပါ။

ဒါလေးကတော့ လွတ်လပ်ပေါ့ပါးပြီး ပျော်ရွှင်နေတဲ့ vibes မျိုးပေါ်လွင်စေမယ့် ပို့စ်ပေးနည်းပါပဲ။

အနီးကပ်ဒီလိုလေးပို့စ်ပေးပြီး ရယ်ပြုံးနေတာလည်း အရမ်းချစ်ဖို့ကောင်းပါတယ်။

Photo source:www.pinterest.com