အပြာရောင်ကြိုက်တဲ့ ကောင်မလေးတွေအတွက် အရမ်းချစ်ဖို့ကောင်းတဲ့ Sky Blue လက်သည်းဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ရှင်းရှင်းလေးနဲ့ အရမ်းချစ်ဖို့ကောင်းတာမျိုးကိုကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ပုံဖော်ကြည့်ပါ။ လက်ငြိမ်တဲ့သူတွေဆိုရင် အိမ်မှာ ကိုယ်တိုင်တောင်ပုံဖော်လို့ရတဲ့ ဒီဇိုင်းဖြစ်ပါတယ်။

ဒီလက်သည်းဒီဇိုင်းဆိုရင် Sky Blue အရောင်လေးပါတဲ့အပြင် ဝက်ဝံလေးနဲ့ပုံဖော်ထားတာကလည်း အရမ်းချစ်ဖို့ကောင်းပါတယ်။ ဒါ့အပြင် တခြားအရောင်နဲ့ဒီဇိုင်းလေးတွေကို စပ်ပြီးပုံဖော်ထားတာကလည်း ချစ်ဖို့ကောင်းတာကြောင့် လူငယ်ကောင်မလေးတွေကတော့ သဘောကျမှာသေချာပါတယ်။

ရိုးရိုးရှင်းရှင်း ပန်းပွင့်ပုံလေးတွေ ပုံဖော်ရတာကိုကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ ဒါလည်း လက်ငြိမ်ရင် အိမ်မှာ ကိုယ်တိုင်ပုံဖော်လို့ရတဲ့ ဒီဇိုင်းလေးဖြစ်ပါတယ်။

ပန်းပုံစံလက်သည်းဒီဇိုင်းတွေကိုကြိုက်ရင် လက်ချောင်းအားလုံးကို Sky Blue အရောင်လေးဆိုးပြီး တစ်ချောင်း၊ နှစ်ချောင်းလောက်ကိုပဲ ပန်းပွင့်ပုံလေး ပုံဖော်ကြည့်ပါ။ ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

Sky Blue အရောင်လေးကြိုက်ရင် တိမ်ပုံစံလက်သည်းဒီဇိုင်းလေးကို ပုံဖော်ဖြစ်အောင်ဖော်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပြီး မိန်းကလေးတိုင်းနဲ့လည်း လိုက်ဖက်ပါတယ်။

အပြာရောင်ကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းကိုလည်း ကြိုက်မှာပါ။ တစ်ခါတစ်လေကျရင်လည်း လက်သည်းအားလုံးကို ပုံဖော်တာထက်စာရင် တစ်ချောင်းထဲကိုပုံဖော်ပြီး ကျန်တာကို အရောင်စုံလေးဆိုးတာက လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းစေပါတယ်။

လက်သည်းအရှည်မထားတဲ့သူတွေဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ အရောင်လေးတွေကအစ အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒီလက်သည်းဒီဇိုင်းကတော့ မိန်းကလေးတိုင်း သဘောကျမယ့် လက်သည်းဒီဇိုင်းလေးဖြစ်ပါတယ်။ ဒီဇိုင်းကလှတဲ့အပြင် အရောင်ကလည်း Sky Blue ဖြစ်နေတာကြောင့် ပိုပြီးလှသွားစေပါတယ်။ ကမ်းခြေသွားတဲ့အခါတွေမှာဆိုရင် ဒီလက်သည်းဒီဇိုင်းလေးက ကွက်တိပါပဲ။

ကိုရီးယားဆန်တဲ့ဒီဇိုင်းလေးကြိုက်ရင်တော့ ဒီလိုအကွက်လေး ပုံဖော်ကြည့်ပါ။ အိမ်မှာပုံဖော်လို့လည်းရတဲ့ လက်သည်းဒီဇိုင်းဖြစ်ပါတယ်။ လက်သည်းအရှည်ထားတဲ့သူ၊ လက်သည်းအရှည်မထားတဲ့သူ အားလုံးနဲ့ လိုက်ဖက်ပါတယ်။

လက်သည်းအရှည်မထားတဲ့သူတွေက လက်သည်းကို ဒီလိုလေးအရုပ်ကပ်တာမျိုးလုပ်ရင် အရမ်းချစ်ဖို့ကောင်းပါတယ်။ ကလေးဆန်ပြီး ချစ်ဖို့ကောင်းတဲ့ ပုံစံမျိုးလေးဖြစ်ပါတယ်။

Photo source:www.pinterest.com