စကပ်လေးတွေဝတ်ရတာကြိုက်တဲ့ ကောင်မလေးတွေအတွက် မိုးရာသီမှာ ဖက်ရှင်ကျကျလေးဝတ်ပြီး ရှိုးထုတ်လို့ရအောင် မိုးရာသီနဲ့လိုက်ဖက်ပြီး ချစ်ဖို့လည်းကောင်းတဲ့ စကပ်အတိုဖက်ရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မိုးတွင်းမှာ cardigan လေးတွေ၊ လက်ရှည်ခေါင်းစွပ်လေးတွေကို ဂျင်းစကပ်လေးတွေနဲ့ တွဲဝတ်လို့ အရမ်းလိုက်ပါတယ်။ ချစ်ဖို့လည်းကောင်းတဲ့ ဖက်ရှင်လေးတွေပါ။

ကုတ်လေးတွေဝတ်ပြီး ရှိုးထုတ်ချင်ရင် မိုးရာသီမှာထုတ်ဝတ်ပါ။ ဂျင်းစကပ်လေးနဲ့ တီရှပ်အဖြူလေးကို တွဲဝတ်ပြီး အပေါ်ကနေ ကုတ်အပွလေးထပ်ဝတ်လိုက်ရင် ကိုရီးယားမလေးတွေလို ချစ်ဖို့ကောင်းနေမှာပါ။

ကုတ်မရှိရင် cardigan လေးနဲ့ ဒီလိုမျိုးလေး ဝတ်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒီလိုကုတ်ဝမ်းဆက်လေးတွေဆိုလည်း ဝတ်လိုက်ရင် ကိုရီးယားမလေးတွေလိုပဲ အရမ်းချစ်ဖို့ကောင်းပါတယ်။ မိုးရာသီအတွက်လည်း အလိုက်ဆုံးပါပဲ။

မိုးရာသီမှာ စကပ်အတိုလေးတွေနဲ့ ကြိုးတစ်လုံးလေးတွေကို တွဲဝတ်ပြီး အပေါ်ကနေ cardigan ထပ်ဝတ်တဲ့ စတိုင်လ်လေးက အရမ်းလိုက်ဖက်ပါတယ်။

မိုးအေးတဲ့နေ့တွေမှာဆိုရင် ဆွယ်တာလက်ရှည် fit ဖြစ်တာလေးတွေ ထုတ်ဝတ်ပါ။ ဒီလိုစကပ်လေးတွေနဲ့ တွဲဝတ်ရင် ကိုရီးယားဖက်ရှင်လေးဖြစ်ပြီး ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းသွားတာပါပဲ။

ဒီဝမ်းဆက်လေးတွေက အခုနောက်ပိုင်းမှာ ခေတ်စားလာတဲ့ပုံစံလေးဖြစ်လို့ မိုးရာသီနဲ့ ဆောင်းရာသီမှာ ထုတ်ဝတ်ပြီး ရှိုးထုတ်လို့ကောင်းပါတယ်။

စကပ်အကားတွေထက် mini စကပ်လေးတွေက မိုးရာသီနဲ့ ပိုအဆင်ပြေပါတယ်။ စကပ်အကားတွေဆို လေတိုက်ရင် လန်တာမျိုး ဖြစ်တတ်တော့ သိပ်အဆင်မပြေပါဘူး။ ဒါကြောင့် mini စကပ်ဗြောင်လေးတွေကို ဒီလိုလက်ရှည်လေးတွေနဲ့ အမျိုးမျိုး တွဲဝတ်ကြည့်ပါ။

ပေါ့ပေါ့ပါးပါးဝတ်ချင်ရင် mini စကပ်လေးနဲ့ တီရှပ်အပွလေးကို တွဲဝတ်လိုက်ရုံပါပဲ။

ဒီလို body fit အင်္ကျီလေးတွေက မိုးရာသီနဲ့ ဆောင်းရာသီမှာပဲ ဝတ်လို့အဆင်ပြေတာကြောင့် ရှိတယ်ဆိုရင် ထုတ်သာဝတ်ပါ။ Mini skirt အကွက်လေးတွေနဲ့ တွဲဝတ်ပါ။ ပိုချစ်ဖို့ကောင်းပါတယ်။

စကပ်အတိုလေးကို ရှပ်အင်္ကျီလက်ရှည်လေးတွေနဲ့ တွဲဝတ်တာလည်း ရိုးရှင်းပြီး ချစ်ဖို့ကောင်းပါတယ်။ မိုးရာသီနဲ့လည်း လိုက်ဖက်ပါတယ်။

Photo source:www.pinterest.com