အတိုဝတ်တဲ့အခါမှာ အမြင်ရိုင်းမှာစိုးတဲ့ မိန်းကလေးတွေအတွက် အမြင်မရိုင်းပဲ ချစ်ဖို့ကောင်းတဲ့ ဘောင်းဘီတိုဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒီလိုဘောင်းဘီတိုလေးတွေကို ကော်လံနဲ့ ရှပ်အင်္ကျီလက်တိုလေးတွေနဲ့သာ တွဲဝတ်လိုက်ပါ။ ရိုးရိုးလေးနဲ့ ဝတ်ရတာလည်း အရမ်းပေါ့ပါးမှုရှိစေပါတယ်။

ရှပ်အင်္ကျီလက်တိုမဝတ်ချင်ရင် ဒီလိုလက်ရှည်လေးနဲ့သာ တွဲဝတ်လိုက်ပါ။ ရိုးရှင်းပြီး ချစ်ဖို့ကောင်းပါတယ်။

ဒီလိုဘောင်းဘီလေးတွေက အဝတ်အစား တော်တော်များများနဲ့ လိုက်ဖက်ပါတယ်။ လက်ပြတ်လေးတွေနဲ့ တွဲဝတ်လည်း ချစ်ဖို့ကောင်းတာပါပဲ။ ရာသီဥတုပူတဲ့နေ့တွေဆို ဒီလိုလေးသာ ဝတ်ကြည့်ပါ။

ဒီလိုဘောင်းဘီလေးတွေကို ဘာနဲ့တွဲဝတ်ရမှန်း မစဉ်းစားချင်ရင် body fit အမဲလေးနဲ့သာ တွဲဝတ်လိုက်ပါ။ ဘယ်တော့မှ ရိုးမသွားပါဘူး။

Style pant လိုဒီဇိုင်းနဲ့ ဘောင်းဘီတိုလေးတွေဆိုရင် cardigan လေးတွေနဲ့ တွဲဝတ်ရင်လည်း လိုက်ဖက်တာပါပဲ။

ဘောင်းဘီတိုအပွလေးတွေကို အပေါ်ကနေ crop top အပွလေးတွေနဲ့ တွဲဝတ်လည်း ချစ်ဖို့ကောင်းပါတယ်။

ဘောင်းဘီအဖြူလေးဆိုရင်တော့ အင်္ကျီအဖြူလက်ရှည်လေးနဲ့ တွဲဝတ်ပြီး အပေါ်ကနေ vest လေးသာ ထပ်ဝတ်လိုက်ပါ။ ဖက်ရှင်ကျပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။

Style pant လို ဘောင်းဘီအတိုလေးတွေကို အရမ်းခေတ်စားနေတဲ့ tank top လေးတွေနဲ့ တွဲဝတ်တာလည်း ရိုးရိုးလေးနဲ့ ဖက်ရှင်ကျပြီး ချစ်ဖို့ကောင်းပါတယ်။

ဘောင်းဘီအတိုလေးတွေကို ဒီလို crop top tee အပွလေးတွေနဲ့ တွဲဝတ်တာလည်း ပေါ့ပါးလွတ်လပ်တဲ့ ပုံစံလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

ဘောင်းဘီအတိုအပွပဲဖြစ်ဖြစ်၊ အကျပ်ပဲဖြစ်ဖြစ် top အဖြူလှလှလေးတွေနဲ့သာ တွဲဝတ်ကြည့်ပါ။ ရိုးရှင်းပြီး ချစ်ဖို့ကောင်းပါတယ်။