လူငယ်ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ ဘောင်းဘီတိုဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဘောင်းဘီတိုဝတ်ထားပေမယ့် အမြင်မရိုင်းပဲ ချစ်ဖို့ကောင်းနေပြီး ဝတ်ရတာလည်း ပေါ့ပါးမှုရှိစေမယ့် ဖက်ရှင်လေးတွေဖြစ်တာကြောင့် မိန်းကလေးတိုင်း သဘောကျနှစ်သက်မယ်လို့ ထင်ပါတယ်။

အရောင်နဲ့ဘောင်းဘီလေးတွေကိုဝတ်မယ်ဆိုရင် အဖြူရောင်အင်္ကျီလေးတွေနဲ့ တွဲဝတ်တာက အရောင်ငြိမ်ငြိမ်လေးနဲ့ ချစ်ဖို့ကောင်းပါတယ်။ ဘောင်းဘီအတိုကို အကျပ်တွေမဝတ်ပဲ နည်းနည်းအပွလေးတွေ ရွေးဝတ်မယ်ဆိုရင်တော့ အမြင်မရိုင်းပဲ ဝတ်ရတာလည်း ပေါ့ပါးမှုရှိစေမှာပါ။

ဂျင်းဘောင်းဘီအဖြူလေးတွေဝတ်မယ်ဆိုရင်လည်း အရမ်းကျပ်နေတာမျိုးမဝတ်ပဲ တင်နေရာမှာ နည်းနည်းကားသွားတာမျိုးလေးကို ရွေးဝတ်ပါ။ ပြီးရင်တော့ အပေါ်ကနေ ရှပ်အင်္ကျီအရောင်နုနုလေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ အမြင်မရိုင်းပဲ ချစ်ဖို့ကောင်းစေပါတယ်။

ဂျင်းဘောင်းဘီအတိုလေးတွေဝတ်မယ်ဆိုရင်လည်း အင်္ကျီအဖြူလေးတွေ၊ တီရှပ်အဖြူလေးတွေနဲ့တွဲဝတ်တာက အမြင်မရိုင်းပဲ ရိုးရိုးလေးနဲ့ ချစ်ဖို့့ကောင်းစေပါတယ်။

ချည်သားဘောင်းဘီအပွလေးတွေကို ကြိုးတစ်လုံးလေးတွေ၊ လက်ပြတ်လေးတွေနဲ့တွဲဝတ်ပြီး အပေါ်ထပ်အဖြူ အပါးလေးတွေနဲ့ တွဲဝတ်မယ်ဆိုရင်လည်း ချစ်ဖို့ကောင်းနေမှာပါ။ ဒီဖက်ရှင်လေးကျတော့ ခရီးသွားတဲ့အခါမှာလည်း အဆင်ပြေပါတယ်။

Crop Top အင်္ကျီလေးတွေဝတ်ချင်ရင်တော့ ဘောင်းဘီအတိုကို ပေါင်ရင်းလောက်ထိတိုနေတာမျိုးနဲ့ တွဲမဝတ်ပဲ ပေါင်လယ်လောက်ရှည်တာလေးနဲ့ တွဲဝတ်ပါ။ ဒါဆိုရင်တော့ အမြင်မရိုင်းပဲ ချစ်ဖို့ကောင်းနေမှာပါ။

Photo source: www.pinterest.com