အတိုလေးတွေဝတ်ရတာကို ကြိုက်တဲ့ ကောင်မလေးတွေအတွက် အမြင်မရိုင်းပဲ ချစ်ဖို့ကောင်းအောင် ဝတ်လို့ရတဲ့ ဖက်ရှင်အိုင်ဒီယာလေးတွေကို မျှဝေပေးလိုက်ပါတယ်။
Tee အပွလေးတွေကို tennis skirt လေးတွေနဲ့ ဒီလိုတွဲဝတ်တာက အရမ်းချစ်ဖို့ကောင်းပါတယ်။ အတိုပေမယ့် လုံးဝအမြင်မရိုင်းစေပါဘူး။
Tee လေးတွေကို ဘောင်းဘီတိုနည်းနည်းပွတာလေးတွေနဲ့ တွဲဝတ်တာလည်း ရိုးရှင်းပြီး ချစ်ဖို့ကောင်းပါတယ်။
Jean skirt အတိုလေးတွေဝတ်မယ်ဆိုရင် ဒီလို tee လေးတွေနဲ့ တွဲဝတ်တာက လွတ်လပ်ပေါ့ပါးတဲ့ပုံစံလေးနဲ့ ချစ်ဖို့ကောင်းသလို လုံးဝအမြင်မရိုင်းပါဘူး။
Skirt လေးတွေနဲ့ မိန်းကလေးဆန်ဆန်ဝတ်ရတာကြိုက်ရင် ဒီလိုလေးတွေဝတ်ကြည့်ပါ။ မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။
ဂါဝန်တိုလေးတွေကို အပေါ်ကနေ cardigan လေးတွေထပ်ဝတ်တာလည်း ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။
ဒီဖက်ရှင်လေးဆိုရင် ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းတဲ့အပြင် စမတ်လည်းကျစေပါတယ်။ အမြင်မရိုင်းတဲ့အတွက် အတိုဝတ်ရတာကြိုက်ရင် ဒါမျိုးလေးတွေ ဝတ်ကြည့်ပါ။
Skirt အကားလေးတွေကိုလည်း cardigan လေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ ရိုးရှင်းပြီး ချစ်ဖို့ကောင်းပါတယ်။
ရာသီဥတုပူတဲ့အချိန်မှာဆိုရင် ဒီလိုဖက်ရှင်လေးတွေက အရမ်းအဆင်ပြေပါတယ်။ ချစ်ဖို့လည်းကောင်းပါတယ်။
ဒီဖက်ရှင်လေးဆိုရင် ဘောင်းဘီတိုပေမယ့် အပေါ်က လက်ရှည်လေးနဲ့မို့ အမြင်တစ်မျိုးပြောင်းပြီး ချစ်ဖို့ကောင်းပါတယ်။
ဂါဝန်အကားလေးတွေကို အပေါ်ကနေ hoodie အပွ၊ ဆွယ်တာအပွလေးတွေ ထပ်ဝတ်တာလည်း ချစ်ဖို့ကောင်းပြီး ကိုရီးယားဆန်ပါတယ်။
ဒီဖက်ရှင်လေးဆိုရင် ရိုးရိုးလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။ မိုးရာသီနဲ့ ဆောင်းရာသီမှာ အရမ်းလိုက်ဖက်တဲ့ ဖက်ရှင်လေးပါ။
Photo source:www.pinterest.com