ကိုယ်ဝန်ဆောင်မိခင်တော်တော်များများက ဆံပင်ကိုပြင်ဆင်နေချိန်မရှိလို့၊ အရင်လောက် မထိန်းသိမ်းနိုင်တော့လို့ ဆံပင်အတိုညှပ်ပစ်ကြတာ များပါတယ်။ ဒါကြောင့် ဆံပင်အတိုညှပ်မယ်ဆိုရင်လည်း ချစ်ဖို့ကောင်းပြီး လှလှလေးဖြစ်အောင်လို့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ချစ်စရာကောင်းတဲ့ ဆံပင်အတိုပုံစံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်လေးတွေက ဆံပင်ကို အရမ်းတိုအောင်လည်း မညှပ်ချင်ဘူးဆိုရင် ဒီလိုအထပ်လေးတွေ ညှပ်ကြည့်ပါ။ မျက်နှာလေးပိုနုသလိုဖြစ်သွားစေတာကြောင့် ညှပ်သင့်တဲ့ ဆံပင်ပုံစံလေးပါ။

ခပ်မိုက်မိုက်စတိုင်လ်လေး ညှပ်ချင်ရင်တော့ ဒီဆံပင်ပုံလေးသာ ညှပ်ကြည့်ပါ။ မျက်နှာသေးတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ဆို အရမ်းလိုက်ပါတယ်။ ဆံပင်အရမ်းတိုသွားတော့ စိတ်ရှုပ်သက်သာတာပေါ့။

မျက်နှာသေးတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဆိုရင် ဆံပင်ကို လုံးဝအတိုညှပ်ချင်ရင် ဒီပုံစံလေးတွေ ညှပ်လို့ရပါတယ်။ ခပ်မိုက်မိုက်စတိုင်လ်မျိုးမဟုတ်ပေမယ့် ချစ်ဖို့ကောင်းပါတယ်။ အရမ်းလည်း ပေါ့ပါးသွားမှာပါ။

ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ဆံပင်ကို ရိုးရိုးအတိုလေးပဲညှပ်ချင်ရင်တော့ ဒီလိုဂုတ်ဝဲလေးသာညှပ်ပါ။ ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။ မျက်နှာကြီးကြီး၊ သေးသေး အားလုံးနဲ့လည်း လိုက်ပါတယ်။

ဒီဆံပင်ပုံစံလေးဆိုရင် ဂုတ်ဝဲလေးပေမယ့် နည်းနည်းအထပ်လေးဖြစ်အောင် ညှပ်ထားတာပါ။ စတိုင်လ်ကျပြီးမိုက်တဲ့ပုံစံလေးလည်း ဖြစ်စေပါတယ်။ အရမ်းရိုးတဲ့ပုံစံမညှပ်ချင်ရင် ဒီလိုပုံလေးလည်း ညှပ်လို့ရပါတယ်။

အထပ်လေးတွေညှပ်ချင်ရင်၊ ဆံပင်အတိုကိုမှ ပါးချင်ရင် ဒီလိုပုံစံလေးလည်း ညှပ်လို့ရပါသေးတယ်။ မျက်နှာသေးတဲ့သူတွေနဲ့ဆို ပိုပြီးလိုက်ပါတယ်။

မျက်နှာနည်းနည်းပြည့်ရင်တော့ ဒီလိုအရှေ့လေးကိုပါညှပ်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ဆိုလည်း ချစ်ဖို့ကောင်းနေမှာပါ။

တည်ငြိမ်တဲ့ပုံစံမျိုးလေးညှပ်ချင်ရင်တော့ အွန်စောရဲ့ ဒီဆံပင်ပုံစံလေးကိုသာ ညှပ်ကြည့်ပါ။ လူကြီးနည်းနည်းဆန်ပေမယ့် ချစ်ဖို့ကောင်းတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့လည်း လိုက်ပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ်မှာ ကိုယ့်ဆံပင်ကအရမ်းရှည်နေလို့ ညှပ်တော့ညှပ်ချင်တယ်၊ ဒါပေမယ့် အရမ်းတိုသွားမှာလည်း ကြောက်တယ်ဆိုရင်တော့ ဒီအနေလောက်နဲ့ ဒီပုံစံလေးညှပ်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

photo source:www.pinterest.com