ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ Selfie Pose Ideas လေးတွေကို မျှဝေပေးလိုက်ပါတယ်။ အပြင်မသွားဖြစ်ပဲ အိမ်မှာ တစ်ယောက်ထဲရိုက်နေလို့ရတာပေါ့။

အိမ်မှာ ဖုန်းထောင်ပြီး ရိုက်လို့ရပါတယ်။ ဒီ Selfie Pose လေးတွေဆို ချစ်ဖို့ကောင်းတဲ့ Pose တွေချည်းပါပဲ။

အလှပြင်ပြီး အခန်းရဲ့ Lighting ကောင်းတဲ့နေရာမှာရိုက်ရင် အရမ်းလှတဲ့ Selfie Pose လေးတွေပါ။

နေထိုးနေတဲ့အခန်းမှာ ဒီလို Selfie Pose လေးတွေနဲ့ ထိုင်ရိုက်လို့လည်း ရပါသေးတယ်။ Pose အများကြီးဖြစ်ပြီး ချစ်ဖို့ကောင်းတာတွေရော၊ ဆွဲဆောင်မှုရှိတာလေးတွေရော ပါတာကြောင့် ကြိုက်သလို ရိုက်လိုက်ရုံပဲနော်။

Ring Light နဲ့ ဖုန်းထောင်ထားပြီး တစ်ယောက်ထဲ အမျိုးမျိုး Pose ပေးရိုက်လို့ရမယ့် Selfie Pose လေးတွေပါ။ လှလည်းလှ၊ ချစ်ဖို့လည်းကောင်းပါတယ်။

အခန်းထဲမှာ ခုနကလိုပဲ Ring Light နဲ့ ဖုန်းထောင်ပြီးရိုက်လို့ရပါတယ်။ Pose လေးတွေကလည်း ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

လုံးဝကို Cute ဖြစ်ပြီး ချစ်ဖို့ကောင်းနေမယ့် Selfie Pose လေးတွေပါ။ အရုပ်လေးတွေပါ ယူပြီးရိုက်ကြည့်ပါ။

ဒီ Selfie Pose လေးတွေကတော့ လက်သည်းလှလှလေး ပုံဖော်ထားတဲ့နေ့တွေမှာ ရှယ်ရိုက်လို့ရမယ့် Pose တွေပါပဲ။

Selfie ရိုက်ရင် လက်ကိုဘယ်လိုထားရမှန်း မသိတဲ့သူတွေအတွက် လှပပြီး ချစ်ဖို့လည်းကောင်းတဲ့ Selfie Pose Ideas လေးတွေပါ။

အရှေ့မှာ ဖုန်းထောင်ထားပြီး ဒီလို Pose လေးတွေ အမျိုးမျိုးပေးပြီး ရိုက်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းတဲ့ ပုံကောင်းလေးတွေ ထွက်လာမှာပါ။

Jisoo ရဲ့ ဒီ Pose လေးတွေအတိုင်းလည်း Selfie လိုက်ရိုက်ကြည့်လို့ ရပါသေးတယ်။ အရမ်းချစ်ဖို့ကောင်းတဲ့ Pose လေးတွေပါ။

Photo source:www.pinterest.com