အခုခေတ် လူငယ်ကောင်မလေးတော်တော်များများက သူငယ်ချင်းတွေနဲ့ Hang outထွက်ပြီး ဓာတ်ပုံရိုက်ကြတာက ပိုပြီးတွေ့လာရပါတယ်။ ဒီလိုဓာတ်ပုံရိုက်ရတာကို ဝါသနာပါတဲ့ကောင်မလေးတွေအတွက် အခုခေတ်စားနေတဲ့ဖက်ရှင်လေးတွေကိုဝတ်ပြီး ဓာတ်ပုံရိုက်ရင် ချစ်စရာကောင်းနေမယ့် အမိုက်စားပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်နော်။

ချစ်စရာကောင်းတဲ့ Crop Top အင်္ကျီလေးကို အခုနောက်ပိုင်းခေတ်စားနေတဲ့ ဂျင်းဘောင်းဘီအတို အပွလေးတွေနဲ့ တွဲဝတ်ပြီး ဒီလိုလေးပို့စ်ပေးရိုက်ရင် ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းနေစေမှာနော်။

Crop Top အင်္ကျီကို အခုခေတ်စားနေတဲ့ ဂျင်းဘောင်းဘီအရှည် အကားတွေ၊ အပွတွေနဲ့ တွဲဝတ်ပြီး ဒီလို Freestyle ပို့စ်လေးရိုက်မယ်ဆိုရင် အရမ်းကိုချစ်ဖို့ကောင်းပြီး အထာလည်းကျပါတယ်။


အခုခေတ်စားနေတဲ့ စကပ်အကွက်လေးတွေကို ကိုယ်ကျပ် Crop Top နဲ့ တွဲဝတ်ပြီး Cutie Girlလေးအဖြစ် ဒီလိုလေးပို့စ်ပေးရိုက်ကြည့်နော်။

ကိုယ်တစ်ပိုင်းပုံလေးတွေပဲ ရိုက်တဲ့အခါမျိုးမှာ ဘယ်လိုပို့စ်ပေးရမှန်းမသိရင် ဒီလိုဆံပင်ကိုင်နေတဲ့ပုံလေး ရိုက်ကြည့်ပါ။ ဘာဝတ်ရမှန်းမသိရင်တောင် Crop Top ကိုယ်ကျပ်လေးတွေ ဝတ်လိုက်ရင် ပေါ့ပါးပြီး ချစ်စရာကောင်းစေပါတယ်။

အခုတော်တော်များများဝတ်နေတဲ့ ဒီလိုခပ်မိုက်မိုက် Top လေးတွေကို ဘောင်းဘီအပွနဲ့ တွဲဝတ်ပြီး စတိုင်လ်ကျကျပို့စ်ပေးရိုက်လို့လည်း ရပါသေးတယ်နော်။

  

Crop Top တို့ T Shirt တို့ကို ဘောင်းဘီအပွနဲ့ပဲဖြစ်ဖြစ်၊ ဂျင်းဘောင်းဘီနဲ့ပဲဖြစ်ဖြစ် တွဲဝတ်ပြီး Portrait ပုံလေးတွေ ရိုက်ကြည့်ပါ။ ဦးထုပ်ပါဆောင်းပြီး ရိုက်မယ်ဆိုရင်တော့ ဖက်ရှင်ကျပြီး ချစ်စရာကောင်းနေစေမှာပါ။

Photo Source: Pinterest