ကင်မရာရှေ့မှာ စိတ်ညစ်စရာမလိုဘဲ Instagram အတွက် သက်တောင့်သက်သာနဲ့ ချစ်စရာကောင်းတဲ့ပုံစံမျိုး ဓာတ်ပုံရိုက်ချင်တဲ့ကောင်မလေးတွေအတွက် စမ်းကြည့်သင့်တဲ့ Cute Poses တချို့ကို ဝေမျှပေးလိုက်ပါတယ်။

ပန်းခြံထဲက ခုံတန်းလျားပေါ်ထိုင်ပြီး ရိုက်တဲ့အခါ ဒီလိုမျိုးခြေထောက်ချိတ်ထိုင်ပြီး လက်လေးနဲ့ထောက်ထားတဲ့ပုံစံမျိုး Pose ပေးကြည့်ပါ။

Snap ရိုက်ချက်တွေကိုကြိုက်ရင် ဒီလိုမျိုး ကင်မရာရှေ့မှာ လှည့်လိုက်ပါ။

စာအုပ်ဆိုင် ဒါမှမဟုတ် ကော်ဖီဆိုင်မှာထိုင်တာပဲဖြစ်ဖြစ် လမ်းဘေးမှာရပ်နေတာပဲဖြစ်ဖြစ်၊ သတင်းစာနဲ့ မဂ္ဂဇင်းတွေကလည်း ဓာတ်ပုံလှလှရိုက်ဖို့အတွက် ကူညီပေးနိုင်ပါသေးတယ်။

သဘာဝကျကျ လမ်းလျှောက်နေတဲ့ ပုံစံမျိုးလိုချင်ရင်တော့ ကင်မရာကိုဆက်တိုက်နှိပ်နေဖို့ လိုပါတယ်။

လမ်းဘေးပလက်ဖောင်းဘေးထိုင်ရင်းနဲ့လည်း ဒီလိုမျိုး ရိုက်လို့ရပါသေးတယ်။

ဒီပုံစံကတော့ Model တွေလို Pose ပေးချင်တဲ့သူတွေအတွက်ပါ။

ဘောင်လေးပေါ်မှာထိုင်ရတာကြိုက်ရင် ဒီလိုလေးထိုင်ရိုက်ကြည့်ပါ။ အနောက်ကရှူခင်းလည်း မကွယ်တော့ လုံးဝကို အမိုက်ပါပဲ။

မျက်မှန်ချွတ်နေတဲ့ပုံစံမျိုး လှုပ်ရှာတဲ့ပုံစံအမိအရရိုက်တာကလည်း သဘာဝကျတဲ့ပုံတစ်ပုံရစေပါတယ်။

ဘာမှမလုပ်တတ်ရင် ဆံပင်ကို လေထဲမြှောက်တဲ့ပုံစံမျိုး လုပ်ကြည့်ပါ။

Indoor လှလှလေးနောက်ခံထားရိုက်ချင်ရင် ဒီလိုလေး ရိုက်ကြည့်ပါ။