မင်္ဂလာပါ ပျိုမေတို့ရေ။ အရွယ်ရောက်ပြီး လှသွေးကြွယ်ခါစ ဆယ်ကျော်သက်အချိန်က ဓာတ်ပုံလှလှလေးတွေ ရိုက်လို့အကောင်းဆုံး အရွယ်ပါပဲနော်။ ကိုယ်က ဓာတ်ပုံရိုက်ရတာဝါသနာပါပေမယ့် Pose ကောင်းကောင်း မပေးတတ်လို့ ယုံကြည်မှုမရှိသလို ခံစားနေရတယ်ဆိုရင်တော့ ထပ်ပြီးစိတ်ပူစရာမလိုတော့ပါဘူး။ ဒီတစ်ခေါက် ဆောင်းပါးမှာ ဆယ်ကျော်သက်လူငယ်ကောင်မလေးတွေအတွက် ရိုက်သမျှပုံတိုင်း ချစ်စရာကောင်းတဲ့ Cute Type လေးဖြစ်စေမယ့် Pose လှလှပေးနည်းတွေကို မျှဝေပေးသွားမှာပါ။

ဘယ်လို Pose တွေဖြစ်မလဲ စိတ်ဝင်စားရင် ဆက်ကြည့်လိုက်ရအောင်။

”Flower Pose” လို့ခေါ်တဲ့ မျက်နှာလေးကို ပန်းတစ်ပွင့်ပင့်ထားသလို ပုံစံလေးက ဘယ်နေရာမှာရိုက်ရိုက် အရမ်းချစ်ဖို့ကောင်းပါတယ်။


မျက်နှာလေးကို လက်တစ်ဖက်ထောက်ပြီး ရှက်ပြုံးလေးပြုံးနေတဲ့ပုံစံလေးကလည်း ရိုးရိုးရှင်းရှင်း Pose လေးဖြစ်ပေမယ့် ချစ်စရာကောင်းစေမှာပါ။


အခုခေတ်ကောင်မလေးတွေကြား ခေတ်စားတဲ့ Pose ဖြစ်ပါတယ်။ ထွေထွေထူးထူးစဉ်းစားမနေဘဲ ခြေထောက်တစ်ဖက်မြှောက်ပြီး ခန္ဓာကိုယ်လေးစောင်းလိုက်ပါ။ ကလေးလေးလို ချစ်စရာကောင်းစေပါလိမ့်မယ်။


ဓာတ်ပုံရိုက်မယ်ဆို လက်နှစ်ချောင်းထောင်တတ်တဲ့သူတွေအနေနဲ့ ဒီလိုခေါင်းလေးစောင်းကာ မျက်လုံးလေးတစ်ဖက်မှိတ်ပြီး ရိုက်ကြည့်ပါ။ ပိုပြီးချစ်စရာကောင်းတဲ့ပုံစံလေးရပါလိမ့်မယ်။

ဆံပင်လေးသပ်ကာ ကင်မရာကိုပြုံးပြီးကြည့်နေတဲ့ ပုံစံလေးကလည်း မျက်စိအေးပြီး ချစ်စရာကောင်းစေမယ့် Pose လှလှလေးဖြစ်ပါတယ်။

မုန့်ဝယ်ထွက်ရင်း ဒီလို Pose ပေးတာကလည်း ချစ်ဖို့ကောင်းတဲ့ပုံလေးတွေရစေမှာပါနော်။

နေရောင်ဘက်မျက်နှာမူကာ မျက်လုံးတွေမှိတ်ပြီး ပြုံးနေတဲ့ပုံစံလေးကလည်း အရမ်းချစ်စရာကောင်းပါတယ်။ သဘာဝဆန်ဆန်အလှလေးရစေမှာပါ။

လက်နှစ်ဖက်လုံးနဲ့ လက်နှစ်ချောင်းထောင်ပြီး နှုတ်ခမ်ဆူထားတဲ့ပုံစံလေးကလည်း လုပ်ရလွယ်ပြီး ချစ်စရာကောင်းပါတယ်။

အရုပ်ကလေးတွေဖက်ပြီးရိုက်တာမျိုးလည်း Try ကြည့်ပါ။ ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းတဲ့ပုံစံလေးရစေပါလိမ့်မယ်။

Photo Source: Pinterest, preview.ph

By MyStyle Myanmar