ဒီတစ်ခေါက် အကြောင်းအရာကတော့ မျက်နှာဝိုင်းဝိုင်း ပါးဖောင်းဖောင်း ကောင်မလေးတွေအတွက် ရည်ရွယ်ပါတယ်။ တချို့မိန်းကလေးတွေက ပိန်ပေမယ့် ပါးလေးတွေက ဖောင်းနေတတ်ကြပါတယ်။ ဒီပါးဖောင်းလေးကပဲ သူတို့ကို ပိုချစ်စရာကောင်းအောင် ကူညီပေးနေတတ်ပါတယ်။ အခုဖော်ပြထားတဲ့ ပို့စ်ပေးနည်းတွေက Cute Type ကောင်မလေးတွေနဲ့ လိုက်ဖက်ပါလိမ့်မယ်။ ဒီနည်းလမ်းတွေအတိုင်း ပို့စ်ပေးမယ်ဆိုရင်တော့ သင့် ဓာတ်ပုံတွေက အရင်ထက် ပိုမိုက်ကာ ပိုလှလာတာကို မြင်ရမှာ မလွဲမသွေပါပဲ။ ကိုယ်က Cute Type မို့ ပြုံးဖို့ကိုတော့ မမေ့သင့်ပါဘူး။ ဒီတော့ ပို့စ်အိုင်ဒီယာတွေကို ကြည့်လိုက်ရအောင်-

ပြုံးရင်းနဲ့ မျက်နှာလေးကို နေကာတဲ့ ပုံစံလေး ပို့စ်ပေးတာက ချစ်ဖို့ကောင်းတဲ့ စတိုင်လေးပါ။

အအေးပိုက်တေ့ပြီး မျက်လုံးလေး မှိတ်ထားကာ လက်နှစ်ချောင်း ထောင်နိုင်ပါတယ်။ ဒီပုံစံလေးက ကြည့်တဲ့သူကိုပါ ရင်အေးစေနိုင်ပါတယ်။

ပါးလေးကို လက်ထောက်ထားကာ မျက်လုံးလေး မှိတ်ရင်း ပြုံးနေတာက အပြစ်ကင်းစင်တဲ့ ပုံစံလေး ပိုင်ဆိုင်စေပါလိမ့်မယ်။

လက်နှစ်ဖက်ကို ကားထားပြီး ခြေထောက်တစ်ဘက်ကို အပေါ် မြှောက်ထားကာ ရယ်နေတဲ့ စတိုင်လေးက ကလေးလေး တစ်ယောက်လို ဖြစ်စေပါလိမ့်မယ်။

ကင်မရာ ဒါမှမဟုတ် ဖုန်းကို ကိုင်ထားပြီး လက်ကို ပုံထဲကလို ထားမယ်ဆိုရင် မျက်နှာ သိပ်ပြစရာမလိုဘဲကို Cute နေပါလိမ့်မယ်။

နှုတ်ခမ်းလေးကို စူကာ ရှေ့က ပန်း ဒါမှမဟုတ် ပစ္စည်းတစ်ခုခုကို မှုတ်နေတဲ့ စတိုင်လေးက ချစ်ဖို့ကောင်းပါတယ်။

သင်က ကမ်းခြေရောက်နေတဲ့အချိန် ချစ်စရာကောင်းအောင် ပို့စ်ပေးချင်ရင်တော့ ဒီစတိုင်လေးကို မှတ်ထားသင့်ပါတယ်။

ပါးလက်ထောက်ကာ ခေါင်းစောင်းရင်း ရယ်နေတဲ့ စတိုင်လေးက ပါးဖောင်းဖောင်းလေးတွေ အတွက် သင့်တော်ပါလိမ့်မယ်။ ပန်းပန်ထားရင် ပိုလှသွားပါလိမ့်မယ်။

လက်ကလေးကို ကြောင်လေး တစ်ကောင်လို လက်သည်းကုတ်နေတဲ့ စတိုင်လေး လုပ်နိုင်ပါတယ်။

ပါးဖောင်းဖောင်းလေး တစ်ဘက်စီမှာ လက်နှစ်ဘက်ကို အသည်းပုံ စတိုင်လေး လုပ်နိုင်ပါတယ်။

သင့်လက်ကို ပုံထဲက မော်ဒယ်လို ထားကာ တခြားဘက် ကြည့်ပြီး ရယ်နေတာလေးက သဘာဝကျပါတယ်။

လက်နှစ်ချောင်းထောင်ကာ ရယ်နေတဲ့ စတိုင်လေးက Auto Cute နေမှာ မလွဲမသွေပါပဲ။

Photo Source: Pinterest

By MyStyle Myanmar