စကပ်အတိုလေးတွေဝတ်ထားပြီး တစ်ကိုယ်လုံးပုံမရိုက်ပဲ ကိုယ်တစ်ပိုင်းပုံပဲ ရိုက်မယ်ဆိုရင် ချစ်ဖို့ကောင်းနေစေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ လူငယ်ကောင်မလေးတွေနဲ့ ပိုပြီးတော့လိုက်ဖက်တဲ့ cute type ပုံစံ ပို့စ်ပေးနည်းလေးတွေ ဖြစ်ပါတယ်။

စကပ်အကားလေးဝတ်ထားတာဆိုရင် စကပ်ကိုလွှင့်လိုက်တဲ့ပုံစံလေး ပို့စ်ပေးပြီးရိုက်ကြည့်ပါ။ မျက်နှာလေးက ရယ်ပြုံးနေရင် ပိုလှပြီး ချစ်ဖို့ကောင်းပါတယ်။

ဒီလိုပုံစံလေး ပို့စ်ပေးတာက အရမ်းချစ်ဖို့ကောင်းပါတယ်။ လွတ်လပ်ပေါ့ပါးပြီး ပျော်ရွှင်နေတဲ့ look လေး ရစေတာကြောင့် ဓာတ်ပုံရိုက်ရတာ ဝါသနာပါရင် ဒါမျိုးလေး ရိုက်ဖြစ်အောင်ရိုက်ကြည့်ပါ။

အနောက်မှာ လက်တင်စရာ တစ်ခုခုရှိရင် ဒီလိုလေးပို့စ်ပေးကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။ လက်တင်စရာမရှိပဲ လက်ကို ပုံထဲကအတိုင်းတော့ မလုပ်ပါနဲ့။ ကြည့်ရတာ တစ်မျိုးကြီးဖြစ်နေပါလိမ့်မယ်။

ခုံအစွန်းလေးမှာ ထိုင်နေတဲ့ပုံစံလေးနဲ့ လက်ကို ပုံမှာပြထားတဲ့အတိုင်းလေးလုပ်ပြီး ပို့စ်ပေးကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။ မျက်နှာလေးက ပြုံးနေဖို့တော့ လိုပါတယ်နော်။

လက်လေးကို ဒီလိုအရှေ့မှာထားပြီး ခေါင်းလေးနည်းနည်းမော့ကာ ရယ်နေတဲ့ပုံလေးလည်း ပို့စ်ပေးကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။ ဒီလိုပို့စ်လေးတွေက စကပ်အတိုလေးတွေ၊ ဂါဝန်အတိုလေးတွေနဲ့ဆို အရမ်းလိုက်ဖက်တဲ့ ပို့စ်မျိုးပါ။

Mirror selfie ရိုက်မယ်ဆိုရင် ဒီလိုလေး ပို့စ်ပေးပြီးရိုက်ကြည့်ပါ။ ဘာမှလည်းမခက်ခဲတာကြောင့် လူတိုင်းလုပ်လို့အဆင်ပြေမယ့် ပို့စ်လေးပါပဲ။

စကပ်အတိုလေးနဲ့ ကော်ဖီဆိုင်မှာ ဒီလိုလေးပို့စ်ပေးပြီးရိုက်ရင် အရမ်းလှပြီး ဆွဲဆောင်မှုရှိတဲ့ ပုံကောင်းလေး ထွက်လာမှာပါ။

စကပ်တို့၊ ဘောင်းဘီတို့ ခါးနေရာလေးတွေကို ကိုင်တဲ့ပို့စ်မျိုးက အခုနောက်ပိုင်းမှာ အရမ်းခေတ်စားလာတာကြောင့် ဒီပို့စ်လေးကလည်း အသုံးဝင်မှာပါ။ Try ကြည့်သင့်ပါတယ်။

ခြေထောက်လေးတစ်ဖက်မြှောက်ပြီး ကွေးတဲ့ပုံစံ ပို့စ်လေးတွေကလည်း အခုနောက်ပိုင်းမှာ ခေတ်စားနေတဲ့ ပို့စ်ပေးနည်းပါပဲ။ အဲ့ဒီပို့စ်လေးတွေက ချစ်ဖို့ကောင်းတာကြောင့် စကပ်အတိုလေးဝတ်ထားရင် try ကြည့်ဖို့ အကြံပေးချင်ပါတယ်။

Photo source: www.pinterest.com